skip to main
|
skip to sidebar
SSND japan
မူလစာမျက်နှာ
ဆောင်းပါး
သတင်း
ဓါတ်ပုံ
သျှမ်းရေးရာ
ကာတွန်း
ဗွီဒီယို
သျှမ်းသတင်းများ
အခြားသတင်းဌာနများ
Shan Herald
Tai freedom
MyanmarNewsNow
ရှမ်းသံတောင်ဆင့်သတင်းဌာန
ကချင်သတင်းဌာန
လွတ်လပ်သော မွန်သတင်းအေဂျင်စီ
ကန္တာရ၀တီတိုင်း(မ်)
နိရဉ္ဖရာ
ကရင်သတင်းစဉ်
ဘီဘီစီ
ဧရာဝတီ
လာရောက် လည်ပတ်သွားတဲ့ နိုင်ငံတကာက မိတ်ဆွေတွေ
counter
counter
ပြောရေးဆိုရာ
သတင်း
ရှမ်းပြည်ရေးရာ
ဓာတ်ပုံ
သျှမ်းရေးရာ
ထုတ်ပြန်ကြေငြာချက်
ဗွီဒီယို
ကာတွန်း
ဆောင်းပါး
စာဖတ်ကြရအောင်
စာသွားဖတ်ချင်ရင်....
ကမာနီလာ
ကိုလွင်အောင်စိုး
ချစ်တဲ့မနောမြေ
ပြည်သူ့အသံ
မသဒ္ဓါ၏ ကဗျာများ
လွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်ကြ
သီရိလင်္ကာရောက်သံဃာတော်များ
ဥဒါန်းသစ် စာမျက်နှာ
ဥတ္တရ
နီယောဓါ
SSND(JAPAN)
လမ်းလျှောက်ကြသူများ
About Me
SaiNwe
kyaw kyaw naing
Tuesday
ခွန်ထွန်းဦး၊စ၀်ဆေထင်နှင့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးနှင့်အနှစ်(၂၀)ပြည့်NLD၏ရွေးကောက်ပွဲအောင်နိုင်ခြင်းအထိမ်းအမှတ်အတွက်ချီတက်ဆန္ဒပြပွဲ(Tokyo)
၂၀၁၀ ခုနှစ် မေလ(၂၃)ရက်
အနှစ်(၂၀)ပြည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ အောင်နိုင်ခြင်းအထိမ်းအမှတ် နှင့် နအဖ စစ်အုပ်စုမှ မတရား ဖမ်းဆီးခံနေရသော ဦးခွန်ထွန်းဦး နှင့်တိုင်းရင်းသားခေါင်းဆောင်များ ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံးလွတ်မြောက်ရေးအတွက် တောင်းဆို ချီတက်ဆန္ဒပြ အခမ်းအနားကို ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ အစည်း(AUN-Japan)မှ ဦးစီးကျင်းပ ပြုလုပ်ခဲ့ပါသည်။ ချီတက်ဆန္ဒပြပွဲ အခမ်းအနားကို ဂျပန်နိုင်ငံရောက် ဒီမိုကရေစီ အင်အားစုများ နှင့် မြန်မာ့အရေးကို ကူညီ ဆောင်ရွက်ပေးကြသည့် ဂျပန်လူမျိုးများ ၊ ဂျပန်အလုပ်သမား သမဂ္ဂများတို့မှလည်း ပူးပေါင်းပါဝင် ခဲ့ကြပါသည်။ယနေ့အခမ်းအနား ကျင်းပပြုလုပ်ရခြင်းမှာ နအဖစစ်အုပ်စုမှ မတရားဖမ်ဆီးခံနေရသော ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးခွန်ထွန်းဦ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်စေရန်အတွက် ပြည်သူလူထု တရပ်လုံးကို စစ်ကျွန်ပြုမည့် ၂၀၀၈ခုနှစ် အခြေခံဥပဒေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ရှုတ်ချပြီး တရားမျှတမူမရှိသော ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ရှုံ့ချကန့်ကွက်ပြီး ဇွတ်အတင်း ရွေးကောက်ပွဲ ကျင်းပပြုလုပ်လာပါက အသိအမှတ်မပြုပေးဖို့နှင့် နအဖစစ်အုပ်စုအား ဂျပန်အစိုးရအနေဖြင့် ထိထိရောက်ရောက် ဖိအားပေးတိုက်တွန်း တောင်းဆိုပေးရန်အတွက် ကျင်းပပြုလုပ်ရခြင်း ဖြစ်သည်ဟု AUN-Japan ဥက္ကဋ္ဌ စိုင်းစီဝမ်းမှ ရှင်းလင်းပြောကြားခဲ့ပါသည်။တိုကျိုမြို့ Ebitsu ပန်းခြံမှာ မွန်းလွဲ(၂း၀၀)နာရီမှ အခမ်းအနား စတင်ကျင်းပပြုလုပ်ပြီး နိုင်ငံတော် အလံတော်အား အလေးပြုခြင်း၊ အနှစ်(၂၀)ပြည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ အောင်နိုင်ခြင်းအထိမ်းအမှတ် NLD အလံတော်အား အလေးပြုခြင်း၊ ခေတ်အဆက်ဆက် ဒိမိုကရေစီ တိုက်ပွဲဝင် အာဇာနည် သူရဲကေါင်းအပေါင်းတို့ ကို ဆုတောင်း မေတ္တာပို့ သပြီးသည့်နောက် ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ စိုင်းစီဝမ်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ မြန်မာ့အရေး အကူအညီပေးသည့် ဂျပန်အဖွဲ့အစည်း တာဝန်ရှိသူများနှင့် မြန်မာ့ဒီမိုကရေစီအင်အားစု အဖွဲ့အစည်းအသီးသီးမှ အမှာစကားပြောကြားပြီးနောက် မွန်းလွဲ (၂း၃၀)နာရီ တိတိမှာ ပန်းခြံမှ စတင်ထွက်ခွါ ခဲ့ပါသည်။ဂျပန်နိုင်ငံရဲ့လူစည်ကားရာ မြို့လည် လမ်းမကြီးများအတိုင်း ချီတက်လာကြပြီး ချီတက်သွားရာ လမ်း တလျှောက်တွင်လည်း နအဖစစ်အာဏာရှင်တို့မှ တိုင်းရင်းသား လူနည်းစုများကို မျိုးဖြုတ်သတ်ဖြတ်မူများ တိုင်းရင်းသားလူမျိုးစုများတို့၏ ဘာသာ စာပေ ယဉ်ကျေးမှုအမွေအနှစ် ဖျောက်ဖျက်သည့် နအဖ စစ်အစိုးရ၏ လုပ်ရပ်များကို ဂျပန်ပြည်သူများ သိရှိလာစေရန်အတွက် ဂျပန်ဘာသာဖြင့် ပြောကြားသွားခဲ့ပါသည်။ AUN-Japan၏ သဘောထားကြေခြာချက် နှင့် လက်ရှိမြန်မာနိုင်ငံရေး အခြေအနေနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေခဲ့ပါသည်။၁ နာရီ ၃၀ မိနစ် ကြာခန့် ချီတက်လာခဲ့ကြပြီး Sandagaya ဘူတာအနီးရှိ Megi ပန်းခြံတွင် အဆုံးသတ်ကာ ကျင်းပရေးကော်မတီ ကိုယ်စား မိုင်ကျော်ဦး မှချီတက် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြသည့် ဒီမိုကရေစီ အင်အားစုများတို့ကို ကျေးဇူးတင်စကား ပြောကြားပြီးသည့်နောက် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။ ချီတက်ဆန္ဒပြပွဲတွင် မိုးထဲရေထဲ၌ ဂျပန်ရောက်ဒီမိုကရေစီအင်အားစုများ(၃၅၀)ကျော်ခန့်  တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo (PNS-Japan)
ဓာတ်ပုံမှတ်တမ်း ။SSND
0 comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
သျှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး
Shan National Day
သျှမ်းပြည်နယ်နေ့
The Shan State Army
သျှမ်းရိုးရာအက
2101 Shan New Year Celebrations, MUSE, Shan State, Burma
SSND's activity in Japan
Feedjit Live Blog Stats
0 comments:
Post a Comment