တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
မေလ (၂၆)၊ ၂၀၁၀
နအဖစစ်အစိုးရရေးစွဲသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံသလို၊ ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများကိုလည်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အနေဖြင့် ဆန့်ကျင်သွားမည်ဟု သိရသည်။
အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ (NUP) နှင့် မကြာခင်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA) မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဟု နိုင်ငံရေးပါတီအဖြစ်ပြောင်းလဲသွားသည် ကြံဖွံ့ပါတီတို့တွင် အဖွဲ့ဝင်ဖြစ်သည့် ရှမ်းပြည်သူလူထုများကိုလည်း RCSS မှ လက်ခံမည်မဟုတ်ကြောင်း ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံသည် ရှမ်းပြည်ရှိပြည်သူလူထုများ၏ သဘောထားဆန္ဒနှင့် ကိုက်ညီမှု မရှိသည့်အတွက် RCSS မှ ယင်းဖွဲ့စည်းပုံအခြေခံဥပဒေကို အသိအမှတ်မပြု၊ မထောက်ခံကြောင်း ၂၀၁၀ ခုနှစ်၊ မေလ ၂၆ ရက် နေ့စွဲဖြင့် RCSS ဖွဲ့စည်းထူထောင်ခြင်း(၁၀ နှစ်မြောက်ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။
၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်သော်လည်း မိမိတို့ဖက်မှ ကိုယ့်ကိုယ်ကိုခုခံကာကွယ်ခြင်းမှလွဲ၍ ဗမာစစ်တပ်အား စစ်ရေးအရတိုက်ခိုက်မှုများ စတင်ပြုလုပ်မည်မဟုတ်ဟု ထိုင်းရုပ်မြင်သံကြားအစီအစဉ်တစ်ခုဖြစ်သည့်(Thai PBS Channel)ကို ကိုးကား၍ ရှမ်းသံတော်ဆင့်မှ ဖေါ်ပြသည်။
ထို့ပြင် RCSS အနေဖြင့် ထိုင်းဘုရင်မင်းမြတ်ကို လေးစားပြီး၊ ထိုင်းနိုင်ငံရေးအရှုတ်အထွေး ပြဿနာတွင် ၀င်ရောက်ဆွက်ဖက်မည်မဟုတ်ဟု ဆိုသည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) သည် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) ၏ နိုင်ငံရေးအဖွဲ့ဖြစ်သည်။
Thursday
၂၀၁၀ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ ရှမ်းအဖွဲ့ လက်မခံ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment