မေလ ၂၁ ရက်နေ့ ၂၀၁၀
- ၅၂ နှစ်မြောက်ရှမ်းတော်လှန်ရေးနှစ်ပတ်လည်နေ့မှာ နိုင်ငံအတွက် စွန့်လွှတ်စွန့်စားလုပ်ကိုင်ကြတဲ့ကျနော်တို့ ရဲ့မျိုးချစ်ပြည်သူတွေအတွက် လေးစားဂုဏ်ယူတယ်ဆိုတာကို ပြောကြားလိုပါတယ်။ လွန်ခဲ့တဲ့ ၅၂ နှစ်အတွင်း မှာ အောင်မြင်မှုတွေ ကျဆုံးမှုတွေရှိခဲ့ပါတယ်။ ဒါကြောင့် ရှမ်းပြည်ရဲ့ပြည်သူအားလုံး အတွက်ရော၊ ကျနော် တို့ ရဲ့မျိုးချစ်ရဲဘော်တွေအတွက်ပါ ကျနော့်အနေနဲ့သုံးသပ်မှုတွေလုပ်ချင်ပါတယ်။ ဒါမှသာ ကျနော်တို့ရဲ့ မျိုးချစ် ရဲဘော်တွေအတွက်ရော ရှမ်းပြည်တပ်မတော်အတွက်ပါ ကိုယ့်ကိုယ်ကို ဝေဖန်သုံးသပ်နိုင်မယ်၊ ပြင်ဆင် ပြောင်းလဲမှုတချို့ကိုလုပ်နိုင်မှာဖြစ်ပါတယ်။- တပ်မတော်ဆိုတာ နိုင်ငံတည်ငြိမ်ဖို့နဲ့ တည်တံ့ခိုင်မြဲရေးအတွက် ထူထောင်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ရှမ်းပြည်တပ်မတော်ဟာ ကျနော်တို့နိုင်ငံရဲ့ပင်မကျောရိုးဖြစ်တယ်၊ မျိုးဆက်သစ်ဟာအင်အားဖြစ်တယ်၊ ပြည်သူ ဟာရေဖြစ်တယ်၊ တပ်မတော်ဟာ ငါးဖြစ်တယ်။ အားလုံးဟာ တခုနဲ့တခု အပြန်အလှန်မှီခိုနေကြတယ်၊ ပြည်သူ တွေရဲ့ပံ့ပိုးမှုမရပဲနဲ့ တပ်မတော်ဟာ မရပ်တည်နိုင်ဘူး၊ အင်အားရှိမှာမဟုတ်ဘူး။ တပ်မတော်အားနည်းလို့ရှိရင် နိုင်ငံလည်းအားနည်းမှာပဲ၊ ရန်သူရဲ့တိုက်ခိုက်မှုကိုခံနိုင်မှာမဟုတ်ဘူး။ ဒီဟာက နောင်လာမယ့်မျိုးဆက်သစ်တွေ ကို ကျွန်အဖြစ်ကို ရောက်စေလိမ့်မယ်ဆိုတာ မေ့လို့မဖြစ်ဘူး။
ဗမာခေါင်းဆောင်တွေပင်လုံစာချုပ်ကို သစ္စာဖောက်တယ်ဆိုတာရှင်းလင်းလှတယ်၊
ရှမ်းပြည်ကို ကျူးကျော်ဝင်ရောက် သိမ်းပိုက်ခဲ့တယ်
- ဗမာမျက်ကန်းမျိုးချစ်တွေဟာ ဗမာစစ်တပ်ကိုသုံးပြီး ရှမ်းပြည်ကို ကျူးကျော်ဝင်ရောက်ပြီးတော့ နိုင်ငံရေး စစ်ရေး အရထိန်းချုပ်ထားခဲ့တယ်။ ဒါတင်မကဘူး ရှမ်းပြည်ကို ရေရှည်ထိန်းချုပ်နိုင်ဖို့ လိမ်လည်လှည့်ဖြားမှုတွေကို ကြိုးစားလုပ်ဆောင်နေတယ်။
- ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်အပေါ်အခြေခံပြီး ရှမ်းပြည်ဟာ ခွဲထွက်ပိုင်ခွင့်ရှိတယ်ဆိုတာကို ...ရှမ်းပြည်သည် စာချုပ် ပေါ်ပေါက်ပြီး ၁၀ နှစ်အကြာတွင် ပြည်ထောင်စုအတွင်းမှ ခွဲထွက်နိုင်သည် ဆိုပြီးဖော်ပြထားတဲ့အချက်ဟာ ဗမာ မျက်ကန်းမျိုးချစ်တွေအမုန်းဆုံးအရာပဲဖြစ်တယ်၊ အစိုးရထဲက ဗမာခေါင်းဆောင်သစ်တိုင်းဟာ ဒါကိုမေ့ပျောက်ဖို့ ကြိုးစားကြတယ်၊ ပင်လုံသဘောတူစာချုပ်အကြောင်းကိုပြောဆိုဖို့နဲ့ ရှမ်းပြည်ရဲ့အခွင့်အရေးအကြောင်းကို ပြော ဆိုဖို့ ရှောင်ရှားကြတယ်။
- ၁၉၆၁ ခုနှစ်က တိုင်းရင်းသားပြည်နယ် ၇ ပြည်နယ်အစည်းအဝေး တောင်ကြီးမှာကျင်းပခဲ့တုန်းက စစ်မှန်တဲ့ ပြည်ထောင်စုအတွက် အဆိုပြုခဲ့ပါတယ်၊ သူတို့တတွေက အဲဒါကို ပြည်ထောင်စုပြိုကွဲအောင်လုပ်တယ်ဆိုပြီး စွပ်စွဲခဲ့ကြတယ်။ အဲဒီနောက်မှာ နေ၀င်းခေါင်းဆောင်တဲ့ ဗမာစစ်တပ်က ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ အာဏာသိမ်းခဲ့ပြီး ပင်လုံစာချုပ်အပေါ်အခြေခံထားတဲ့ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ဖျက်သိမ်း ပစ်ခဲ့တယ်။
- နောက်တခါ ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ SNLD ဥက္ကဌ ခွန်ထွန်းဦး နဲ့ SSPC ဥက္ကဌ စ၀်ဆေထင် တို့ ဟာ စစ်မှန်တဲ့ပြည်ထောင်စုတခုကို မျှော်မှန်းပြီး တောင်ကြီးမှာ အစည်းအဝေးတခုကို ကျင်းပခဲ့ပါတယ်။ သူတို့ တတွေက ပြည်ထောင်စုကိုဖြိုခွဲဖို့ကြံစည်တယ်ဆိုပြီးစွပ်စွဲပြီးတော့ မျှတတဲ့တရားစီရင်မှုမရှိပဲနဲ့ ထောင်ချခဲ့တယ်။ တကယ်တမ်းမှာ ပြည်ထောင်စုကိုဖြိုခွဲနေတာက ဗမာခေါင်းဆောင်တွေပဲဖြစ်တယ်။
၁၉၆၂ ခုနှစ်မှာ နေ၀င်းအာဏာသိမ်းခဲ့ပြီးတဲ့နောက် ရှမ်းစော်ဘွားတွေ (စ၀်ဖ) ဟာ တခြား ရှမ်း ကချင် ချင်း ကရင်နီ မွန် ရခိုင်ခေါင်းဆောင်တွေနဲ့အတူ ထောင် ၇ နှစ် ၈ နှစ်အထိ အချခံခဲ့ရတယ်၊ သီပေါစော်ဘွား စ၀်ကြာဆိုင်နဲ့ လဲချာစော်ဘွား လုံးဖိုးရင် တို့လိုခေါင်းဆောင်တချို့ဟာ ဗမာစစ်တပ်ရဲ့သေအောင်ရည်ရွယ်ပြီး ပစ်သတ်တာကိုခံခဲ့ရတယ်၊ တချို့တွေဟာ ထောင်ထဲမှာ သေဆုံးခဲ့ရတယ်၊ တချို့တွေဟာ ထောင်ကပြန်လွတ် လာပြီးတဲ့နောက် ရောဂါတွေနဲ့ သေဆုံးခဲ့ရတယ်။ တချို့ခေါင်းဆောင်တွေ နေအိမ်မှာမနေနိုင်ပဲ ထွက်ပြေး ပုန်းရှောင်ခဲ့ရတယ်၊ နောက်ယောင်ခံစုံစမ်းထောက်လှမ်းခံနေခဲ့ရတယ်၊ ဒါဟာ ထောင်ချခံရသလိုပဲ။
- နေ၀င်းဦးဆောင်တဲ့ ဗမာစစ်တပ်ဟာ ၁၉၆၄ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ကာကွယ်ရေးဥပဒေ ကိုပြဌာန်းခဲ့တယ်၊ တပါတီအာဏာရှင်စနစ်နဲ့ နိုင်ငံကိုအုပ်ချုပ်ဖို့လုပ်ဆောင်ခဲ့ပြီး ပြည်သူ တွေရဲ့ဒီမိုကရေစီအခွင့်အရေးတွေကို ဖျက်ဆီးခဲ့တယ်။
- ၁၉၇၄ ခုနှစ်မှာ နေ၀င်းအစိုးရဟာ ခွဲထွက်ပိုင်ခွင့်မပြုတဲ့၊ တိုင်းရင်းသားအားလုံးတန်းတူအခွင့်အရေးရှိတယ်ဆို တာကိုဖော်ပြထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တရပ်ကို ရေးဆွဲခဲ့တယ်။ ဒါပေမဲ့လည်း ဗမာစစ်တပ်ဟာ ရှမ်းပြည်ကို သိသိသာသာကျူးကျော်သိမ်းပိုက်ခဲ့တယ်။ ဒီဟာက ဗမာမျိုးချစ်တွေဟာ ကောင်းကောင်းနေ ကောင်းကောင်းစားရပြီး တခြားတိုင်းရင်းသားလူမျိုးစုတွေဟာ နိမ့်ကျတဲ့အခြေအနေအောက်မှာ နေထိုင်နေရတာ နဲ့နှိုင်းယှဉ်ကြည့်လိုက်လို့ရှိရင် တန်းတူညီတဲ့အခွင့်အရေးမရှိဘူးဆိုတာ ပြသနေပါတယ်။ သူတို့တတွေလုပ်နေ တာတွေဟာ ဗမာမျက်ကန်းမျိုးချစ်တွေအတွက်ပဲဖြစ်တယ်။ အခြေအနေတွေဘယ်လိုပဲပြောင်းလဲပြောင်းလဲ သူတို့တတွေဟာ တခြားတိုင်းရင်းသားလူမျိုးစုတွေကို ဖိနှိပ်ဖို့ပဲဖြစ်တယ်။ ဒီဟာက ဘာကိုပြသနေသလဲဆို တော့ ဗမာမျက်ကန်းမျိုးချစ်တွေနဲ့ နိုင်ငံရေးသမားတွေက နိုင်ငံရေးအပြောင်းအလဲကို ဘယ်လိုပဲလုပ်လုပ် တခြားတိုင်းရင်းသားလူမျိုးစုတွေကို ဆက်လက်ဖိနှိပ်နိုင်ဖို့ပဲဖြစ်တယ်။
ဗမာမျက်ကန်းမျိုးချစ်များ၏လုပ်ရပ်များကို ရှမ်းပြည်သူများက ဒီမိုကရေစီနည်းဖြင့်ဆန့်ကျင် ကြိုးပမ်းမှု
- ရှမ်းပြည်အစိုးရဟာ လွှတ်တော်မှတဆင့် ရှမ်းပြည်သူပြည်သားများရဲ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့တယ်၊ သံဃာတော်တွေကလည်း ပိတိဋကဘာသာပြန်ကော်မတီကို ဖွဲ့စည်းထူထောင်ကာ နိုင်ငံနှင့် ရှမ်းစာပေအတွက် လုပ်ကိုင်ကြိုးပမ်းခဲ့တယ်။ တက္ကသိုလ်ကျောင်းသားများကလည်း ရှမ်းပြည်အတွင်းရှိ တက္ကသိုလ်ကျောင်းသား တွေကို စည်းရုံးကာ ပြည်သူပြည်သားများကို မျိုးချစ်စိတ်ရှိရေးနှင့် ရှမ်းပြည်ဟာဘယ်လိုအန္တရာယ်ကျရောက် နေတယ်ဆိုတာ ကို အသိပေးတဲ့အနေနဲ့ ရှမ်းလူငယ်မဂ္ဂဇင်းတွင် ဆောင်းပါးများရေးသားခဲ့တယ်။ စာရေးဆရာတွေဟာ ရှမ်းပြည်သူ ပြည်သားများက ရှမ်းပြည်တွင်းလက်တွေ့နိုင်ငံအခြေအနေများကို ပိုမိုသိရှိ နားလည်စေဖို့ဆိုပြီး စာအုပ်အမျိုးမျိုးကို ရေးသားထုတ်ဝေခဲ့တယ်။ ဒီလိုလုပ်ဆောင်ခဲ့အားလုံးဟာ ရှမ်းပြည်သူ ပြည်သားများက လက်တွေ့အခြေအနေတွေကို သတိပြုမိစေဖို့နဲ့ ဗမာမျက်ကန်းမျိုးတွေရဲ့ ဖိနှိပ်မှု နဲ့ ကျွန်ပြုခံ နေရတာအောက်ကလွတ်မြောက်ဖို့အတွက်ဖြစ်တယ်။
ဗမာစစ်တပ်နှင့် တိုင်းရင်းသားလူမျိုးစုများအကြားစစ်ပွဲ
၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရပြီးနောက် ဗမာမျက်ကန်းမျိုးချစ်များရဲ့ရိုးသားမှုမရှိတာနဲ့ တခြားတိုင်းရင်းသား တွေကို ဖိနှိပ်ဖို့ရည်ရွယ်ချက်ကြောင့် တခြားတိုင်းရင်းသားလူမျိုးစုတွေဟာ ဗမာအာဏာရှင်တွေကို လက်နက် ကိုင်ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြတယ်။
- ဒီအချက်ကို အကောင်းဆုံးဥပမာပေးနိုင်တာက စောဘဦးကြီးဦးဆောင်တဲ့ ကရင်တိုင်းရင်းသားလူမျိုးတွေက ၁၉၄၈ ခုနှစ်မှာ လက်နက်ကိုင်ဆန့်ကျင်တိုက်ပွဲဝင်မှုကို စတင်ခဲ့ခြင်းပဲဖြစ်တယ်။ ကရင်နီနဲ့ မွန်တွေလည်း အဲဒီ နောက်မှာလိုက်ပြီး ဖြစ်ပေါ်ခဲ့တယ်။ ၁၉၅၀ ခုနှစ် နောက်ပိုင်းမှာတော့ ရခိုင်တွေလည်း ဒေသလွတ်မြောက်ရေး အတွက် ဗမာအစိုးရကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြတယ်။
- ရှမ်းပြည်သူပြည်သားတွေဟာ ၁၉၅၈ ခုနှစ် မေလ ၂၁ ရက်နေ့မှာ ပြည်နယ်လွတ်လပ်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ကြတယ်။
- ကချင်တွေကလည်း ဗမာအာဏာရှင်တွေကို ၁၉၆၁ ခုနှစ်မှာ ဆန့်ကျင်တော်လှန်ခဲ့ကြတယ်။
ဒါကြောင့်တိုင်းရင်းသားလူမျိုးစုတိုင်းဟာ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ရုန်းကန်ခဲ့ကြပါတယ်။ ဗမာစစ်တပ်က ကျနော်တို့ကို ဘယ်လိုပဲဖျက်ဆီးနှိပ်ကွပ်စေကာမူ ကျနော်တို့တတွေ လိုလားတောင့်တတဲ့အောင်ပွဲဟာ တနေ့ ကျရင်ရမယ်ဆိုတာ ယုံကြည်ထားတယ်။
တော်လှန်ရေးလမ်းကြောင်းပေါ်မှ ကျဆုံးမှုများ
အစပိုင်းမှာ ကျနော်ပြောခဲ့သလိုပဲ တော်လှန်ရေးဟာ ၅၂ နှစ်တာကာလအတွင်းမှာ အောင်မြင်မှုတွေ ကျရှုံးမှုတွေ ကိုမြင်တွေ့ရမှာပါ။ ဒါကြောင့် ဒီကနေ့မှာ ကျနော်ဟာ အနာဂတ်မျိုးချစ်သူရဲကောင်းတွေ သင်ခန်းစာကောင်း တွေယူနိုင်ဖို့အတွက် လေ့လာဆန်းစစ်သွားပါမယ်။ ဘာကိုပဲလုပ်လုပ် လေ့လာသုံးသပ်မှုတွေမရှိဘူးဆိုလို့ရှိရင် တိုးတက်မှုမရှိပဲ တ၀ဲလယ်လယ်ဖြစ်နေလိမ့်မယ်။
၁ - တော်လှန်ရေးအစပိုင်းမှာ ကျနော်တို့ဟာ မျိုးချစ်စိတ်အပေါ်မှာပဲ အခြေခံပြီး နေရာအမျိုးမျိုးမှာ တော်လှန် တိုက်ပွဝင်ခဲ့ကြတယ်။ အစီအစဉ်တွေနဲ့ စီမံခန့်ခွဲမှုဟာလည်း သိပ်ပြီးတော့ ကောင်းမွန်လှမှုမရှိခဲ့ဘူး၊ ဘာဖြစ်လို့ လဲဆိုတော့ စစ်ရေးစစ်ရာနဲ့ စီမံအုပ်ချုပ်မှုတွေမှာ အတွေ့အကြုံမရှိလို့ပဲဖြစ်တယ်။
၂ - ညီညွတ်မှုမရှိဘူး၊ နောက်ပြီးတော့ ဘာကို အရင်ဆုံးစလုပ်ရမယ်ဆိုတဲ့ တဆင့်ပြီးတဆင့်လုပ်ရမယ်။
၃ - တော်လှန်ရေးကာလရှည်ကြာလာတာနဲ့အမျှ တချို့ခေါင်းဆောင်တွေဟာ အမျိုးသားရေးတာဝန်ကို ဂရုမစိုက်ပဲ အာဏာနဲ့ငွေအပေါ် ပိုမိုဖက်တွယ်လာကြတယ်။ အတ္တများလာတဲ့အခါ သူတို့တတွေဟာ ကိုယ်ကျိုး ကိုပိုပြီးတော့ကြည့်လာတယ်၊ စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာခြင်းမရှိတော့ဘူး၊ ဒါကြောင့် ဂိုဏ်းအုပ်စုတွေ ကွဲလာပြီး အချင်းချင်းတိုက်ခိုက်လာကြတော့တယ်။
၎ - နိုင်ငံရေးအရခိုင်မာမြင့်မားတဲ့ရည်မှန်းချက်မရှိဘူး။ ဒါကြောင့် ဗမာစစ်တပ်က စီးပွားရေးအခွင့်အလမ်းတွေ ပေးလိုက်လို့ရှိရင် သူတို့တတွေဟာ ထောင်ချောက်ထဲမှာ ပိတ်မိတော့တာပဲ၊ သူတို့တတွေဟာ သဘောတူ ထားတဲ့အတိုင်းမလုပ်ကြဘူး၊ သဘောတူညီချက်ဆိုတာ အစည်းအဝေးမှာပဲရှိတယ်၊ စာရွက်ပေါ်မှာပဲရှိတယ်၊ ဒါကြောင့် ကိုယ့်သဘောနဲ့ကိုယ်လုပ်ကြတယ်၊ သဘောတူညီချက်တွေကိုချိုးဖောက်ကြတယ်၊ ညီညွတ်မှုဆိုတာ ဘာမှအသုံးမကျတော့ဘူး။
၅ - ကမ္ဘာ့နိုင်ငံရေးဟာ အချိန်နဲ့အမျှပြောင်းလဲနေတယ်၊ ရှမ်းပြည်နိုင်ငံရေးသမားတွေဟာ ဒီအပြောင်းအလဲတွေ နဲ့လိုက်ညီပြီးလုပ်ကိုင်နိုင်တဲ့အရည်အသွေးမရှိဘူး။ သူတို့တတွေဟာ တာဝန်အပြည့်အ၀ခံတာမျိုးမရှိကြဘူး။
၆ - ဘိန်းလုပ်ငန်းလုပ်တဲ့သူတွေဟာ အခွင့်အရေးယူပြီးလုပ်ကိုင်လှုပ်ရှားနေတဲ့အတွက် အမျိုးသားရေးလှုပ်ရှားမှု တွေကိုနာမည်ပျက်ထိခိုက်စေတယ်၊ ဒါကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက တော်လှန်ရေးအုပ်စုတွေကို မူးယစ် ဆေးရောင်းဝယ်သူတွေနဲ့ဆက်နွယ်တဲ့သူတွေလို့မြင်တယ်၊ အမျိုးသားရေးလှုပ်ရှားနေတဲ့သူတွေလို့ မမြင်ကြ ဘူး။ လက်နက်ကိုင်ထားပြီး နိုင်ငံရေးသဘောထားမရှိဘူး၊ ဗမာစစ်တပ်မှာ ရေဒီယိုရှိတယ်၊ တီဗွီရှိတယ်၊ ဒါတွေ ကိုသုံးပြီး တော်လှန်ရေးအုပ်စုတွေကို နာမည်ဖျက်ဖို့ ထုတ်လွှင့်တယ်၊ ဗမာစစ်တပ်ဟာ နိုင်ငံရေးမှာ အောင်မြင်မှု ရတယ်။
၇ - ရှမ်းပြည်တိုင်းရင်းသားလူမျိုးစုတွေကို ဗမာမျက်ကန်းမျိုးချစ်တွေက အခွင့်အရေးတွေနဲ့မျှားပြီး ရှမ်းပြည်သူ တွေကြားထဲမှာ သွေးကွဲအောင်လုပ်တယ်၊ ဒီဟာက တိုင်းရင်းသားလူမျိုးစုတွေကြားထဲမှာ တင်းမာမှုတွေနဲ့ တိုက်ပွဲတွေနှစ်နဲ့ချီကြာအောင်ဖန်တီးနေတယ်။ ဗမာအာဏာရှင်တွေဟာ တိုင်းရင်းသားလူမျိုးစုတွေကြား သွေးခွဲ တဲ့နေရာမှာ တော်တယ်၊ တိုင်းရင်းသားတွေအချင်းချင်းကြားမှာ တိုက်ခိုက်ကြအောင်လုပ်တယ်၊ သူတို့တတွေ ဟာ သူတို့ဖာသာသူတို့ တော်လှန်ရေးအုပ်စုတွေကို သိမ်းပိုက်အနိုင်ယူနိုင်အောင်လုပ်နိုင်တဲ့အရည်အချင်း မရှိဘူး။
၈ - န၀တ၊ နအဖဟာ တခြားတော်လှန်ရေးအင်အားစုတွေနဲ့ အပစ်အခတ်ရပ်စဲထားတာ နှစ်ပေါင်း ၂၀ ကျော် ရှိနေပြီ၊ ဒီဟာက သူတို့တတွေဟာ ပိုပြီးစုစည်းခိုင်မာအောင်နဲ့ အားကောင်းအောင်လုပ်ဖို့ အချိန်ဆွဲတဲ့နည်းပဲ ဖြစ်တယ်၊ ဒါပေမဲ့ တော်လှန်ရေးအုပ်စုတွေအတွက် ဘာမှ အဓိပ္ပာယ်မရှိဘူး၊ စီးပွားရေးသမားတွေအတွက်ပဲ အကျိုးရှိတယ်။
၉ - ဒါတွေဟာ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ကျနော်တို့တော်လှန်ရေးကာလအတွင်းမှာ ကျဆုံးမှုတွေပဲ ဖြစ်တယ်။
ကျနော်တို့ရည်မှန်းချက်ရောက်ဖို့ ကျနော်တို့တတွေ ညီညွတ်ရမယ်။
စ၀်ရွက်စစ် (သျှမ်းပြည်ပြန်လည်တည်ထောင်ရေးကောင်စီ-RCSS )
0 comments:
Post a Comment