Wednesday

ဦးခွန်ထွန်းဦးနဲ့နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ဖို့ တောင်းဆိုဆန္ဒပြပွဲ

ဒီကနေ့ ၉ရက်နေ့ ဇွန်လ ၂၀၁၀ သည် လစဉ်လတိုင်း ၉ ရက်နေ့ရောက်ပြီဆိုရင် ကျွှန်တော်တို့ရဲ့ သျှမ်းတိုင်းရင်းသားးခေါင်းဆောင် ဦးခွန်ထွန်းဦးအပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ဖို့အတွက် တောင်းဆိုဆန္ဒပြခဲ့ပါတယ်။ ဂျပန်နိုင်ငံတွင် ရှိသော ညီညွတ်သော တိုင်းရင်းသားများအဖွဲ့AUN , သျှမ်းပြည်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ SSND နှင့် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ SND မှ စုပေါင်းပြီး အခမ်းအနားကို ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် SND ဥက္ကဋ္ဌ စိုင်းစီဝမ်း မှ ဦးခွန်ထွန်းဦး၏ လက်ရှိအခြေအနေ ကျန်းမာရေးမကောင်းကြောင်း ပြောပြသွားခဲ့ပါသည်။စစ်မှန်သောဒီမိုကရေစီရရှိဖို့အတွက် ကြိုးပမ်းပေးနေတဲ့ခေါင်းဆောင်ကြီးတွေကိုဖမ်းဆီးထားလို့ အမြန်ဆုံးပြန်လွတ်ပေးရေးအတွက် ဂျပန်နိုင်ငံရှိကမ္ဘာ့ကုလသမ္မကရုံးရှေ့မှာ ညနေ၃နာရီမှ ၄ နာရီအထိ စုရုံးတောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ နိုင်ငံရေး ရဲဘော်အပေါင်း အယောက် ၄၀ ကျော်တတ် ရောက်ခဲ့ကြပါသည်။


0 comments: