၂၀၀၈၊၄လ၊၂ရက်နေ့ ည ၁၂ နာရီထိုးကတည်းက ရန်ကုန်မြို့သို့ နာဂစ်ဆိုင်ကလုံး မုန်တိုင်း ကျရောက်နေရာ ယခုအချိန်အထိ အားကောင်းဆဲ ဖြစ်သည်။ ရန်ကုန်မြို့တွင် တယ်လီဖုန်းလိုင်း အများအပြား ပြတ်တောက်နေပြီး လျှပ်စစ်မီးလည်း ပြတ်နေသည်။ ရှားရှားပါးပါး ရရှိသော သတင်းတခုအရ ဒေသခံတဦးက သူဘဝတလျောက် “အကြီးမားဆုံး မုန်တိုင်းဖြစ်မည်” ဟု ပြောသည်။ ထူးဆန်းလှသော ဆူညံမှုကြီး ထွက်ပေါ်နေပြီး မြို့အနှံ့အပြား သွပ်မိုးများ လွင့်ပျံထွက်နေသည်ဟု ဆိုသည်။
သို့သော် ဆက်သွယ်ရသမျှ ရန်ကုန်ဒေသခံများ၏ ဤပြောအရ ဧရာဝတီတိုင်းသည် ပျက်စီးမှု ပိုမိုများနိုင်မည်ဟု ခန့်မှန်းရပြီး လူပေါင်းများစွာ အသေအပျောက်များပင် ရှိနေသည်ဆိုသော ကောလာဟလတခု ထွက်ပေါ်လာသည်။
မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု များပြားနေ၍ ရန်ကုန်တိုင်းအပါအ၀င် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်များကို အရေးပေါ် အခြေအနေ ဟု မြန်မာစစ်အစိုးရက ကြေညာလိုက်သည်။
လွန်ခဲ့သည့် မိနစ်ပိုင်းတွင်းက အစိုးရပိုင် ရေဒီယိုက ကြားဖြတ် ကြေညာချက်တခု ထုတ်ပြန်ခဲ့ရာ နအဖ အတွင်းရေးမှူး ၁ ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၏ အမိန့်ဖြင့် ကြေညာချက်တွင် အမျိုးသား ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် အရေးပေါ် အခြေအနေ သတ်မှတ်လိုက်ရခြင်း ဖြစ်သည်ဟု ပါရှိသည်။
(မဇ္ဈိမ မှ သတင်း)
Saturday
နာဂစ်ဆိုင်ကလုံး မုန်တိုင်းကြောင့် ရန်ကုန်မြို့ကြီး ရစရာမရှိအောင် ပျက်စီးနေပြီ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment