Friday

အစိုးရက အုပ်ချုပ်မှုမကောင်းလျှင် ခွဲထွက်ရေးပြဿနာ မဖြေရှင်းနိုင်

အခုချိန်ဟာ မြန်မာ့သမိုင်းမှာ အင်မတန်အရေးကြီးတဲ့ အချိုး
အကွေ့ကိုရောက်နေတယ်ဆိုတာ မမှားပါဘူး။ လွတ်လပ်ရေးရပြီး က
တည်းက ၁၉၄၇ မှာတကြိမ် ၁၉၇၄ မှာတကြိမ်ဖွဲ့စည်းပုံ အခြေခံဥပဒေ
ရေးဆွဲအတည်ပြုကျင့်သုံးခဲ့ဖူးပါတယ်။ အခုတတိယအကြိမ် ရင်ဆိုင်နေ
ရပါပြီ။ မကြာမီဆန္ဒခံယူပွဲကျင်းပမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာအဓိက
အားဖြင့်-
(၁) ဒီမိုကရေစီရေးအတွက် သိပ်အားမပေးတဲ့ ဖွဲ့စည်းပြုံဖစ်နေခြင်း
(စစ်တပ်က အဓိကအာဏာချုပ်ကိုင်ထားတယ်၊ ပြင်ဆင်ချင်
တယ်ဆိုရင်တောင်မှ အရမ်းတင်းကျပ်မယ်။)
(၂) တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးဆန္ဒကိုဖြည့်ဆည်းနိုင်ပါ့မလား
ဆိုတဲ့အချက်ဖြစ်ပါတယ်။ Federal စနစ်အရ တိုင်းရင်းသား
တွေကတော့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်၊ တနည်းအားဖြင့် လွတ်
လပ်စွာ အုပ်ချုပ်ပိုင်ခွင့်ဖွဲ့စည်းပုံမျိုးလိုချင်ကြတယ်၊၊ ဒါပေမဲ့ ဗဟိုစစ်
အစိုးရကတော့ဒါမျိုးခွင့်ပြုမထားပါဘူး။ အခုသူတို့ရေးဆွဲထားတဲ့
ဖွဲ့စည်းပုံမှာ တိုင်းရင်းသားတွေအတွက် အခွင့်အရေးတွေအများကြီး
ပေးထားတယ်လို့ ဆိုပါတယ်၊၊ Federal ဆိုရင်ပြည်ထောင်စုပြိုကွဲ
အောင်လုပ်တယ်လို့သူတို့သတ်မှတ်ပါတယ်။ ဥပမာရှမ်းပြည်ဆိုရင်
၁၉၄၇ ဖွဲ့စည်းပုံ အရလွတ်လပ်ရေး ရပြီး ၁၀ နှစ်ပြည့်( ၁၉၄၈-၁၉၅၈)ရင်
ခွဲထွက်ပြီး SEATO အရှေ့တောင်အာရှ စစ်ရေးမဟာမိတ်အဖွဲ့မှာ ပါဝင်
နိုင်အောင် လက်မှတ်ရေးထိုးဖို့ကြိုးစားခဲ့တယ်။ ပြည်ထောင်စုကို ခွဲထွက်
ဖို့လုပ်ခဲ့တယ်၊၊ အဲဒါကြောင့်အာဏာသိမ်းရတယ် ဆိုပြီး မကြာသေးခင်
ကတောင် စစ်အစိုးရ သတင်းစာမှာထပ်ရေးနေသေးတယ်။
ဦးဟန်ယောင်ဟွေခင်ဗျား Federal ဆိုတာ ပြည်ထောင်စု ကို
တကယ်ပြိုကွဲစေပါသလား?
ရှမ်းခေါင်းဆောင်တစ်ချို့ဟာ SEATO ထဲဝင်ဖို့တောင်လုပ်ခဲ့
တယ်ဆိုတာရော တကယ်ဟုတ်ပါသလားခင်ဗျား?
(မေး/ဦးကျော်ဇံသာ)
“ဒါကတော့ စွပ်စွဲမှုတွေဖြစ်ပါတယ်။ ကျနော်တို့ပြန်ကြည့်
မယ်ဆိုရင် ၁၉၄၇ မှာ ပင်လုံစာချုပ်ဆိုတာရှိတယ်။ ပင်လုံစာချုပ်မှာ
ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ပြောခဲ့တာဘဲ ဗမာတစ်ကျပ်ရှမ်းတစ်ကျပ်ကရင်
တစ်ကျပ် ဆိုတာ။ အဓိပ္ပါယ်ကတော့ပြည်နယ်ပြည်မဆိုတာမရှိဘူး။
ပြည်နယ်တွေစုပေါင်းပြီး ပြည်ထောင်စုတည်ဆောက်ရင်ပြည်နယ်တိုင်း
တန်းတူရမယ်။


Image and video hosting by TinyPic

ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေရှိရမယ်လို့ သဘောတူထား
တယ်။ ဒါပေမဲ့ အခြေခံဥပဒေရေးဆွဲလာတော့ ပြည်မပြည်နယ်တွေဖြစ်
လာတယ်။ပြည်နယ်တွေဘာ အာဏာမှမရှိဘဲ ပြည်မကဘဲအကုန်လုံး
အုပ်ချုပ်စီမံတယ်ဆိုတော့ အဲဒီမှာပြဿနာ ဖြစ်လာတာဖြစ်တယ်။
၁၉၅၈ မှာ ရှမ်းပြည်ကခွဲထွက်မယ် ဘာညာစွပ်စွဲတယ်။ အဲဒီအချိန်မှာ
ရှမ်းပြည်တကယ်ခွဲထွက်မယ်ဆိုရင်လဲရတယ်။ ဘာလို့လဲဆို
တော့ အခြေခံဥပဒေမှာခွဲထွက်ပိုင်ခွင့်ဆိုတာပါထားတာဘဲ။ အဲဒီတုန်း
က လူငယ်ပိုင်းကခွဲထွက်ချင်တယ်။ ဒါပေမဲ့ခေါင်းဆောင်ပိုင်းက မခွဲထွက်သင့်ဘူး၊၊ ပြည်ထောင်စုဥပဒေဖြစ်အောင် ပြန်ပြင်ရေးဆွဲမယ်ဆိုပြီး ကြိုးစားခဲ့သေးတယ်။အဲအချိန်ကစပြီး ဖက်ဒရယ်မူဖက်ဒရယ် စနစ်ဖြစ်လာတာ။၁၉၆၁ တောင်ကြီးမှာ ညီလာခံလုပ်ခဲ့တယ်။ ၁၉၆၂ နှစ်ဦးပိုင်းမှာ ၀န်ကြီးချုပ်ဦးနုက အခြေခံဥပဒေကို ပြန်ပြင်သင့်တယ်ဆိုတာ သဘောတူတယ်။ခေါင်းဆောင်တွေကို ပြန်စုလိုက်တာဖြစ်တယ်။ အဲဒီအချိန်မှာ
ဗိုလ်ချုပ်နေ၀င်းက အာဏာသိမ်းလိုက်တာ။
အဲဒီတုန်းက တပ်မတော်ကတရုတ်ဖြူအကြောင်းပြပြီး ၀င်
ရောက်နေတော့ ရှမ်းပြည်မှာ လူထုကမကျေမနပ်ဖြစ်ခဲ့တယ်။ အဲဒါ
ကြောင့်လဲဘဲ ခွဲထွက်ဖို့ခြေအနေဖြစ်အောင်တွန်းပို့ခဲ့ပါတယ်၊
တပ်မတော်ကလည်း လူထုကို ဂရုမစိုက်တော့ လူထုအတွက်အများ
ကြီးနစ်နာတာပေါ့။"

အခုအခါမှာခွဲထွက်ဖို့ သီးခြားကြေငြာနေတဲ့လူတွေတောင်
ရှိနေပြီဆိုတော့ သျှမ်းပြည်ကစပြီး ပြည်ထောင်စုပြိုကွဲစေမဲ့
အန္တရာယ်ဘယ်လောက်အထိ ရှိနေသလဲ?

“ဖက်ဒရယ်လား ဘာလား အရေးမကြီးပါဘူး။အခုအရေးကြီး
တာက အခုလက်ရှိအစိုးရက အုပ်ချုပ်မှုမကောင်းရင်ခွဲထွက်မှုပြဿနာ
ရှိကိုရှိမှာဘဲ၊ အစိုးရကလူထုအတွက် အကျိုးမပြုဘူး၊ လူထုအတွက်
မလုပ်ဘူး၊ လူထုမကျေနပ်ဘူးဆိုရင် ဒီခွဲထွက်မဲ့ပြဿနာက ဖြေရှင်းလို့ရမယ် မဟုတ်ဘူး”

VOA နံနက်ပိုင်းအထူးအစီအစဉ် ၅.၄.၂၀၀၈။

0 comments: