Sunday

Working Committee of 2012 Shan State Nationalities for Democracy (Japan)





Working Committee of 2012 Shan State Nationalities for Democracy (Japan)
Chairperson Group
Chairperson                   -Daw Htay Htay Aung(Shan)
Co-Chairperson                         -Mai Kyaw Oo(Palaung)
                                              -Sai Nyunt Maung or Sai Maung(Shan)
                                              -Shwe Lu(Kolon Lisaw)
                                              -Jar Mo(Kokang)

Read More...

Friday

ဦးခွန်ထွန်းဦးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆို ဆန္ဒပြပွဲ(တိုကျို)



၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၉)ရက်



ဦးခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များနှင့် မတရား ဖမ်းဆီးခံ နေရသော နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်မြောက်စေရန် အတွက် တောင်းဆို ဆန္ဒပြပွဲ အခမ်းအနားကို Shibuya မြို့ နယ်ရှိ UNရုံးရှေ့ တွင် ဂျပန်နိုင်ငံရောက် တိုင်းရင်းသား အင်အားစု များတို့မှ ဦးစီး၍ ယနေ့ ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီ အထိ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။

၂၀၀၅ ခုနှစ် ဖေဖေါ်ဝါရီလ(၉)ရက်နေ့တွင် နအဖ အာဏာရှင်တို့မှ ဦးခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များနှင့် သျှမ်းပြည်မျိုးဆက်သစ် ခေါင်းဆောင် များတို့အား နှစ်ရှည် ထောင်ဒဏ်ဖြင့် မတရား ဖမ်းဆီး ထားခဲ့သည်မှာ ယနေ့ဆိုလျှင် ( ၆ နှစ် ၉  လ)ပြည့်မြောက်သည့် နေ့ဖြစ်ပြီး ဝေးလံ ခေါင်သီသော နယ်စွန်နယ်ဖျား ထောင်များသို့ ပို့ဆောင်ခံရပြီး နောက်ပိုင်း တနှစ်ထက်တနှစ် ကျန်းမာရေး ဆိုးရွား လာသည်ဟု ကြားသိ ရသည့်အတွက် ကျမ္မာစေဖို နှင့် အမြန်ဆုံး လွတ်မြောက်စေရန် အတွက် ကုလသမဂ္ဂ ရုံးရှေ့၌ ယခုလို တောင်းဆို ဆန္ဒပြပွဲများ ကျင်းပ ပြုလုပ် ရခြင်းဖြစ်ပါသည်။ ယနေ့ ဆန္ဒပြပွဲတွင် မြန်မာနိုင်ငံသားများ စုစုပေါင်း အင်အားစု ၃၀ ခန့် ပူးပေါင်း ပါဝင်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ SSND

Read More...

Wednesday

SSND`s monthly meeting 2011 December 4th

Read More...

Monday

ရှေ့တန်းတွင် ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်နေကြသော KNU ရဲဘော်များတို့အား ပံ့ပိုးကူညီသည့် ရိက္ခာဆန်အလှူ ပေးအပ်သည့် အခမ်းအနား ကျင်းပပြုလုပ်


၂၀၁၁ ခုနှစ် အောက်တိုဘာလ (၂)ရက်။

သျှမ်းပြည် တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SSND-Japan ၏ ပုံမှန် လပတ်အစည်းအဝေးကို Takadanobaba အရပ်ရှိ ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း AUN-Japan ရုံးခန်း၌ ယနေ့ညနေ ၁၈း၃၀ နာရီမှ ၂၁း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် အလုပ်အမှုဆောင် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး လက်ရှိ ဖြစ်ပေါ်နေသာ ပြည်တွင်းပြည်ပ နိုင်ငံရေး အခြေအနေများ ရှေ့လုပ်ငန်းစဉ်များတို့ကို အပြန်အလှန် သုံးသပ် ဆွေးနွေး ခဲ့ကြပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ရှေ့တန်းတွင် ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်နေကြသော KNU ရဲဘော်များတို့ကို လေးစားသောအားဖြစ် သျှမ်းပြည် တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SSND-Japan၏ ပံ့ပိုးကူညီသည့် ရိက္ခာဆန် အလှူ ပေးအပ်သည့် အစီအစဉ်ကို KNU-Japan တာဝန်ခံ စောမျိုးခိုင်ရှင်းမှ လက်ခံ ရယူခဲ့ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း။ Mai kYaw Oo

Read More...

Sunday

(၆၈)နှစ်ပြည့်မြောက် ဦးခွန်ထွန်းဦး၏ မွေးနေ့အလှူ တိုကျိုတွင် ကျင်းပပြုလုပ်။

၂၀၁၁ ခုနှစ် စက်တင်ဘာလ(၁၁)ရက်။

ယနေ့ ကျရောက်သည့် တိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး၏ (၆၈)နှစ်ပြည့်မြောက် မွေးနေ့အတွက် သျှမ်းပြည်တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SSND-Japan နှင့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SND-Japan တို့မှဦးစီး၍ှ SUGAMO အရပ်ရှိ သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ် (ဂျပန်-ဌာနခွဲ)ဘုန်းကြီးကျောင်း၌ မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲမှာ ကျမ္မာစေရန်နှင့် အမြန်ဆုံး လွတ်မြောက်ရန်အတွက် သံဃာတော်များ ဆွမ်းကပ် လှူဒန်းခြင်း ကောင်းမှုကုသိုလ် အလှူဒါနပြခြင်း အစီအစဉ်ကိုပါ နံနက်(၁၀)နာရီမှ နေ့လည် (၁၄း၀၀)နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

တိုင်းရင်းသား ပြည်သူလူထုတရပ်လုံး အဖိနှိပ်ခံဘ၀မှ လွတ်မြောက်ရေးနှင့် စစ်မှန်သည့် ဒီမိုကရေစီ ရရှိရေးအတွက် ဦးခွန်ထွန်းဦး၏ တိုင်းပြည်အပေါ် စွန့်လွတ် အနစ်နာမှုတွေကို လေးစားသေားအားဖြစ် ဦးခွန်ထွန်းဦး၏ မွေးနေ့၌ ကျမ္မာစေကြောင်းနှင့် အမြန်ဆုံး လွတ်မြောက်ရန်အတွက် ကောင်းမှု ကုသိုလ်ပြုပေးခဲ့ကြပြီး တက်ရောက်ခဲ့ကြသည့် ဧည့်ပရိတ်သတ်များတို့ကို သျှမ်းခေါက်ဆွဲဖြစ် ပြန်လည် ဧည့်ခံ ပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း။ Mai Kyaw Oo

Read More...