Sunday
Thursday
Wednesday
ဘယ်ပုံးထည့်ချင်ထည့်...
picture from (mongloi)
ကျနော်တို့ ပြည်သူများအတွက် ရွေးချယ်စရာ နှစ်ခုပဲ ရှိပါတယ်။ နအဖရဲ့ ဖွဲ့စည်းပုံကို ထောက်ခံပြီး ဘ၀အဆက်ဆက်၊ သားစဉ်မျိုးဆက် စစ်တပ်ကျွန် အဖြစ်ခံမလား၊ နအဖရဲ့ ဖွဲ့စည်းပုံကို ပြတ်ပြတ်သားသား ကန့်ကွက်ပယ်ချပြီး နအဖကို ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို အသိမှတ်ပြုဖို့ တောင်းဆိုမလား။
ကျနော်တို့ ရွေးချယ်ရမှာလည်း တခုပဲ ရှိတယ်။ တသက်လုံး ကျနော်တို့ရဲ့ သားစဉ်မြေးဆက်များကို စစ်တပ်ကျွန် ဖြစ်ရမယ့် ဘ၀ကို မရွေးချယ်နိုင်ပါဘူး။ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက် အာမခံချက်မရှိတဲ့၊ တိုင်းရင်းသား လူမျိုးစုများ အခွင့်အရေးတွေကို ငြင်းပယ်ထားတဲ့၊ စစ်တပ်ကို သီးခြားအခွင့်ထူးခံ လူတန်းစား (သို့) အုပ်ချုပ်သူ လူတန်းစား အဖြစ် ဖန်တီးပြီး ပြည်သူလူထုကို ကျေးကျွန်များ အဖြစ် သတ်မှတ်လိုက်တဲ့၊ ဒီနအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျနော်တို့အားလုံး တိုင်းရင်းသားညီအကို မောင်နှမ များအားလုံး ပြတ်ပြတ်သားသား ကန့်ကွက်ကြပါစို့...
Posted by SaiNwe at 1:28 AM 0 comments
Labels: ကာတွန်း