Showing posts with label ထုတ်ပြန်ကြေငြာချက်. Show all posts
Showing posts with label ထုတ်ပြန်ကြေငြာချက်. Show all posts

Friday

(၆၆) ကြိမ်မြောက် သျှမ်းအမျိုးသားနေ့ အထိမ်းအမှတ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ. (ဂျပန်) နှင့် သျှမ်းပြည်အမျိုးသားများဒီမိုကရေစီအဖွဲ့ (ဂျပန်) ၏ ထုတ်ပြန်ကြေငြာချက်

Read More...

Wednesday

ရုံးခန်းလိပ်စာ ပြောင်းလဲခြင်း ထုတ်ပြန်ကြေညာချက်

         ရှမ်းပြည်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ (ဂျပန်)၏ အရင်လိပ်စာ(Tokyo,Shinjuku-ku, Takadanobaba 3-12-1 Tairiku Bld 2 floor)မှ လိပ်စာအသစ်(Tokyo,Shinjuku-ku, shimooshiai 1-8 2 Floor) သို့ ပြောင်းရွေ့ ကြောင်း အကြောင်းကြားအပ်ပါသည်။ ၆ လပတ်ညီလာခံ အစည်းအဝေး၌ ပြောင်းလဲရန် သင်းလုံးကျွှတ်၏ မဲဆန္ဒအရ ပြောင်းရွေ့ရန် သဘောတူညီ ခဲ့ကြပါသည်။


Read More...

SSND`s CEC,EC 2012

CEC-EC 2012

Read More...

Sunday

သျှမ်းပြည်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ (ဂျပန်) ၏ (၆)လပတ်ညီလာခံ အခမ်းအနား


ဒီကနေ့ ၂၀၁၂ ဇွန်လ ၁၇ ရက်နေ့ မှာ Tokyo,takatanobaba AUN office တွင် သျှမ်းပြည်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ (ဂျပန်) သည် ၆ လပတ်ညီလာခံ အခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ဥက္ကဌ နှင့် အလုပ်မှုဆောင်ကော်မတီများကို အသစ်ပြန်လည် ရွေးကောက်ပွဲကျင်းပခဲ့ပါသည်။
ဥက္ကဌ အဖြစ် ဦးမိုင်ကျော်ဦး
တွဲဘက် ဥက္ကဌ အဖြစ် စိုင်းကျန်မွန်း
ဒုတိယတွဲဘက်ဥက္ကဌအဖြစ် ကျာမွန် တို့ ကို ရွေးကောက်တင်မြောက်ခဲ့ပါသည်။ အတွင်းရေးမှုးအဖြစ် စိုင်းနွဲ့ နှင့် တွဲဘက် အတွင်းရေးမှုးအဖြစ် ဦးတင့်လွင်ကို ရွေးကောက်တင်မြောက်ခဲ့ပါသည်။ကျန်ရှိသော အခြားအလုပ်မှုဆောင်သစ်များလည်း ဆက်လက်ဖေါ်ပြပေးပါမည်။
သတင်း။ ။SSND

Read More...

Working Committee of 2012 Shan State Nationalities for Democracy (Japan)





Working Committee of 2012 Shan State Nationalities for Democracy (Japan)
Chairperson Group
Chairperson                   -Daw Htay Htay Aung(Shan)
Co-Chairperson                         -Mai Kyaw Oo(Palaung)
                                              -Sai Nyunt Maung or Sai Maung(Shan)
                                              -Shwe Lu(Kolon Lisaw)
                                              -Jar Mo(Kokang)

Read More...

သျှမ်းပြည်အမျိုးသားများဒီမိုကရေစီအဖွဲ့(ဂျပန်)ဧ။် ၂၀၁၁ အလုပ်မှုဆောင်ကော်မတီရွေးကောက်ပွဲအခမ်းအနား


ဒီနေ့ ၂၀၁၀ဒီဇင်ဘာလ ၁၉ရက်နေ့ မှာ သျှမ်းပြည်အမျိုးသားများဒီမိုကရေစီအဖွဲ့(ဂျပန်) သည် ၂၀၁၁ အတွက် အလုပ်မှုဆောင်ကော်မတီရွေးကောက်ပွဲကို ကျင်းပခဲ့ပါသည်။ သျှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့(ဂျပန်) SSND သည် ၂၀၀၇ နိုဝင်ဘာလ ၃ ရက်နေ့တွင် ဂျပန်ရောက် ရှမ်းပြည်တိုင်းရင်းသားများမှ ရှမ်း၊ ပအိုဝ်.၊လီရှော၊ကိုးကန့်…. စသည်တို့မှ ပြန်လည်ဖွဲ့စည်းထားသောအသင်း ဖြစ်ပါသည်။အသင်းဧ၊၊် ရည်ရွယ်ချက်မှာ
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီသင်းနေထိုင်ကြသော တိုင်းရင်းသားများများစည်းလုံးညီညွတ်ရေးနှင့် ပြည်သူများသဘောနှင့်အညီ စစ်မှန်သော ဒီမိုကရေစီနိုင်ငံရေးနှင့် တန်းတူသော ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာစေရန်၊
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း အတူတကွ ပေါင်းသင်းနေထိုင်ကြသော ဌါနေတိုင်းရင်းသားများ အချင်းချင်းချစ်ကြည်၊ စည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ တည်တံ့ခိုင်မြဲရေးနှင့် တွန့်ရှည်စေရန် တတ်စွမ်းသမျှ လုပ်ဆောင်ရန်၊
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီသင်းနေထိုင်ကြသော လူမျိုးအချင်းချင်း လူ့အခွင့်အရေးဆိုင်ရာ တန်းတူညီမျှစွာ အပြည့်အ၀ခံစားနိုင်ရန်၊
ပြည်တွင်းငြိမ်းချမ်းရေးရရန် ငြိမ်းချမ်းသော နည်းလမ်းများဖြင့် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ရန်၊ တိုင်းရင်းသားများဧ။် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ စာပေယဉ်ကျေးမှုနှင့် အခြားကဏ္ဍများတွင် တိုးတက်ဖွံ့ဖြိုးအောင် အစွမ်းကုန်ကူညီဆောင်ရွက်ရန်၊
လွတ်လပ်သော နိုင်ငံရေးမှုဝါဒကို အခြေခံရ်ျ ကမ္ဘာမိသားစုနှင့် တန်းတူရည်တူချစ်ခင်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံရန် ရည်ရွယ်ထားပါသည်။

Read More...

Wednesday

၆၃ကြိမ်မြောက် သျှမ်းအမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်ကြပါရန်ဖိတ်ကြားခြင်း။

Read More...

Tuesday

သျှမ်းပြည်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ (ဂျပန်) ၂၀၁၀ ခုနှစ်အတွက် အလုပ်မှုဆောင်ကော်မတီများ

သျှမ်းပြည်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ (ဂျပန်) သည် ပြီးခဲ့သည့် ၂၀ ရက်နေ့ဒီဇင်ဘာလ ၂၀၀၉ တွင် ဂျပန်နိုင်ငံရောက် ရှမ်းပြည်နယ်တိုင်းရင်းသားများမှ စုပေါင်းပြီး ၂၀၁၀ ခုနှစ်အတွက် အလုပ်မှုဆောင်ကော်မတီများ ရွေးချယ်တင်မြောက်ပြီးစီးခဲ့ပါသည်။


Read More...

Thursday

ဦးခွန်ထွန်းဦးနှင့်အခြားရှမ်းတိုင်းရင်းသားခေါင်းဆောင်များထောင်ဒဏ်ချခံရခြင်းအပေါ် ဆန်းစစ်သုံးသပ်ထားသည့် SSND.jp ၏ ထုတ်ပြန်ကြေငြာချက်။

Image and video hosting by TinyPic

ဦးခွန်ထွန်းဦးနှင့်အခြားရှမ်းတိုင်းရင်းသားခေါင်းဆောင်များထောင်ဒဏ်ချခံ ရခြင်းအပေါ်ဆန်းစစ်သုံးသပ်ထားသည့်  SSND.jp ၏ ထုတ်ပြန်ကြေငြာချက်။


၁. မှူခင်းအကျဉ်း၊
၂၀၀၅ ဖေဖေါ်ဝါရီလ ၉ ရက်နေ့တွင် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးခွန်ထွန်းဦးအပါအဝင် ရှမ်းတိုင်းရင်းသားခေါင်းဆောင်ကိုး ဦးတို့သည် “Shan State Academics Consultative Council”ခေါ် ရှမ်းပြည်အတိုင်ပင်ခံကောင်စီကို တည်ထောင်ရန် ကြိုးပမ်းအားထုတ် မှုသက်သက်ဖြင့် စစ်အစိုးရ၏ မတရားဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပါသည်။

ဗမာစစ်အစိုးရသည် ရှမ်းတိုင်းရင်းသားခေါင်းဆောင်များ၏ လုပ်ရှားဆောင်ရွက်မှုများကို ဖော်ထုတ်သည့် သတင်းစာရှင်းလင်းပွဲတခုပြု လုပ်ရာတွင်ဖတ်ဆိုသွားခဲ့သော စစ်အစိုးရ၏ထုတ်ပြန်ကြေငြာချက်ကိုကြည့်ခြင်းအားဖြင့ှ် ရှမ်းတိုင်းရင်းသားခေါင်းဆောင်များသည် ငြိမ်း ချမ်းစွာ စုရုံးပေါင်းသင်းထုတ်ဖေါ်ပြောဆိုခွင့်ရရန် ၄င်းတို့၏သင့်လျော်သောအခွင့်အရေးကိုကျင့်သုံးနေခြင်းသာဖြစ်ကြောင်း ထင်ရှားလှပါ သည်။ ရှမ်းတိုင်းရင်းသားခေါင်းဆောင်များသည် အစည်းအဝေးပွဲတခု၌ မိန့်ခွန်းဟောပြောကြေငြာချက်ဖတ်ကြားသွားသည့်အတွက် ကြောင့် အတိုင်ပင်ခံကောင်စီကိုတည်ထောင်ရန် ထောက်ခံအားပေးမှုကိုရရှိလာခဲ့သည်ဟု ၄င်းသတင်းစာရှင်းလင်းပွဲ၌ စစ်အစိုးရကြေငြာ ခဲ့ပါသည်။
စစ်အစိုးရသတင်းစာရှင်းလင်းပွဲအဆိုအရ “Shan State Academics Consultative Council” ခေါ် “ရှမ်းပြည် အတိုင်ပင်ခံကောင်စီ”ကို ရှမ်းခေါင်းဆောင်များတည်ထောင်ခဲ့ကြသည်။ ၄င်းရှမ်းပြည်အတိုင်ပင်ခံကောင်စီသည် ရှမ်းပြည်အတွင်း၌သာရုံးစိုက်မည်မဟုတ်ဘဲ အခြား ကျန်ရှိသည့် ၆ ပြည်နယ်နှင့် ၇ တိုင်းအတွင်းတွင်လည်း ရုံးခွဲများထားရှိမည်ဟု သိရှိရပါသည်။ ထိုအစည်းအဝေးပြီးဆုံးသည့်နောက် တောင်ကြီးမြို့၌ရှိသော စိန်တောင်တန်းစားသောက်ဆိုင်တွင် ရှမ်းပြည်တပ်မတော်က ဧည့်ခံကျွေးမွေးသည့်ညစာစားပွဲတွင်လည်း ကြေငြာ ချက်များထပ်မံထုတ်ဝေခဲ့သည်။ အချို့ကြေငြာချက်များတွင် “ယခုအချိန်မှာ ကျနော်တို့တတွေ ရှမ်းပြည်အတွက် ကိုယ့်ကံဇာတာ ကိုယ်ဖန် တီးဖို့ရန် ပထမအဆင့်ကိုရောက်နေပြီ” နှင့် “ရှမ်းပြည်အတွင်းမှီတင်းနေထိုင်ကြသော တိုင်းရင်းသားများအားလုံး ညီညွတ်သောစိတ် ဓာတ် နှင့် တက်ကြွစွာအတူတကွပါဝင်လုပ်ဆောင်ကြရန် တိုက်တွန်းအပ်ပါတယ်” ဆိုသည့်အားတက်စရာ အမှာစကားများပါရှိပါသည်။ ဤလုပ်ရပ်နှင့် အဆိုပါ ပါဝင်သည့်အုပ်စုများ၏ရည်ရွယ်ချက်သည် “စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် အစပျိုးပေး ခြင်းဖြစ်သည်”ဟု နိဂုံးချုပ်ခဲ့ပါသည်။ သို့သော် ဤ “စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု”ဆိုသည်
စကားလုံးကိုလက်လွတ်စပယ်သုံး နှုန်းနေခြင်းသည် အဓိပါယ်လွဲသွားစေနိုင်သည်ဟု စစ်အစိုးရကထပ်လောင်းပြောကြားလိုက်သည်။ ရှမ်းတိုင်းရင်းသားခေါင်းဆောင်များ ဤသို့သောစကားလုံးများသုံးနှုံးခြင်းသည် ပြည်သူများ၏ထောက်ခံမှူရယူရန်အတွက်သာဖြစ်ပြီး ၄င်းတို့၏ တကယ့်ရည်မှန်းချက်သည် တနေ့သ၌ ပြည်ထောင်စုမှနုတ်ထွက်ပြီး သီးခြားနိုင်ငံတည်ထောင်မည်ဖြစ်သည်ဟု ထပ်ပြီး စွပ်စွဲလိုက်ပြန်သည်။

ဤလိုနှင့် ရှမ်းတိုင်းရင်းသားခေါင်းဆောင်များသည် နိုင်ငံတော်ပုန်ကန်မှူ ပြစ်မှူများကျုးလွန်ခြင်းဖြစ်သည်ဟု အစွပ်စွဲခံရပြီး ဦးခွန်ထွန်းဦး ၉၃ နှစ်၊ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် ၈၅ နှစ်၊ ဦးစိုင်းလှအောင် ၇၉ နှစ်၊ ဦးမြင့်သန်း ၇၉ (ထောင်တွင်းသေဆုံး)၊ ဦးထွန်းညို ၇၉ နှစ်၊ စိုင်းမျိုးဝင်း ၇၉ နှစ်၊ စိုင်းညီညီမိုး ၇၉ နှစ် နှင့် ဗိုလ်ချူပ်ဆေထဲင် ၁၀၆ နှစ် နှစ်ရှည်လများ ထောင်ဒဏ်အသီးသီးချမှတ်ခြင်းကို ခံခဲ့ကြရပါသည်။ သို့ပေမယ့် သက်သေအထောက်အထားအရဆိုလျှင် ၄င်းတို့သည် ၄င်းတို့၏ အခြေခံလူ့အခွင့်အရေးနှင့် လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်၊ လွတ်လပ်စွာစုရုံးပိုင်ခွင့်နှင့် လွတ်လပ်စွာပေါင်းသင်းဆက်ဆံပိုင်ခွင့်အပါအဝင်ဖြစ်သော လွပ်လပ်ခြင်းများကို ကျင့်သုံးပြီး ၄င်းတို့၏ နိုင်ငံရေးရည်မှန်းချက်များကို အကောင်အထည်ဖေါ်ရန်ကြိုးပမ်းမှူမျှသာဖြစ်သည်မှာ အထင်းသားဖြစ်ပါသည်။ ၄င်းတို့တတွေ သည် မြန်မာ့အမျိုးသားဥပဒေဘောင်တွင် ဒဏ်ခတ်ခြင်းခံရနိုင်လောက်အောင် ပြစ်မှူကျုးလွန်ခြင်းမျိုး မရှိပါ။ ဤသို့မဟုတ်ပါက ၄င်းတို့၏ ငြိမ်းချမ်းစွာလုပ်ဆောင်မှုသည် နိုင်ငံအနှံ့ပြန့်သွားပြီး အခြားတိုင်းရင်းသားများ အားတက်စေမည်ကိုစိုးရိမ်၍ စစ်အစိုးရကငြိမ်းချမ်းသည့် နိုင်ငံရေးလှုပ်ရှားမှုများကို ရာဇဝတ်ဇာတ်သွင်းလိုက်ြခင်းသာဖြစ်ပါသည်။
ဒီမိုကရေစီကျကျ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရန်လိုအပ်သည့်အချိန်တွင် ကျရာအခန်းကဏ္ဍတွင်ပါဝင်လုပ်ဆောင်နိုင်မည့် ဦးခွန်ထွန်းဦးနှင့် ပြစ်မှူမရှိသောအခြားရှမ်းတိုင်းရင်းသားခေါင်းဆောင်များသည် စက်ဆုပ်ရွံ့ဖွယ်ရာကောင်းသော ရာဇဝတ်မှူများနှင့် ပစ် ပယ်ထားခြင်းခံရသည့် ဓားစာခံများသဖွယ် နာမည်ဆိုးရှိ မြန်မာပြည်ထောင်အတွင်းတွင် အားအင်ချည့်နှဲ့စွာ နေနေကြရပါသည်။

၂. ဥပဒေများကို သင့်လျော်စွာ ကျင့်သုံးရန် ပျက်ကွက်ခြင်း၊

ဦးခွန်ထွန်းဦးနှင့် တခြားအဖမ်းခံရှမ်းတိုင်းရင်းသားခေါင်းဆောင်များနှင့် ပတ်သက်သောအမှူအရပ်ရပ်မှာ ဥပဒေကိုသင့်လျော်စွာ ကျင့်သုံး ရန်တရားရုံးက ပျက်ကွက်ခဲ့သည်။ စွပ်စွဲထားသောအချက်အလက်များနှင့် ကျင့်သုံးနေသော ဥပဒေများနှင့်အနှီးစပ်ဆုံး ပြန်လည်သုံး သပ်ပါက မည်သည့်ဥပဒေနှင့်မျှ ချိုးဖောက်ညှိတွယ်ခြင်းမရှိဆိုသည်မှာ ထင်ရှားစွာပြသနေပါသည်။ ပြစ်မှူကျူးလွန်မှူ အမှန်တကယ်မရှိပဲ လျက် တရားခံများကို တရားစွဲဆိုခြင်းသည် မည်သို့မျှအခြေအမြစ်မရှိပါ။

အဖွဲ့အစည်းတည်ထောင်မှုနှင့်ပတ်သက်ပြီး ၁၉၈၈ ဥပဒေအရ စွပ်စွဲချက်များ၊

အဖွဲ့အစည်းတည်ထောင်မှုနှင့်ပတ်သက်ပြီး ၁၉၈၈ဥပဒေအရ တရားစီရင်ချက်များသည်မမှန်ကန်ပါ၊ အဘယ်ကြောင့်ဆိုသော် တရားခံ များ သည် အဖွဲ့အစည်းမတည်ထောင်ရသေးသဖြင့် ဥပဒေပြစ်ဒဏ်စီရင်ခံရနိုင်လောက်အောင် မရှိသေးပါ။ အဖွဲ့အစည်း မတည်ထောင်ခင် ခွင့်မတောင်းသည့်အဖွဲ့အစည်းတခုကို တရားမစွဲနိုင်ပါ၊ အဘယ်ကြောင့်ဆိုသော်ခွင့်မပေးသည့် အဖွဲ့အစည်းတည်ထောင်ခြင်း၏ ပိတ်ပင် တားမြစ်ခြင်းကို ဖောက်ပြန်ခြင်းအတွက် ပြစ်ဒဏ်ပေးသည့် ပြစ်ဒဏ်ပေးဌာနမရှိသည့် အတွက်ကြောင့် ဖြစ်ပါသည်။ ဤအတိုင်းဆိုလျှင် မှတ်ပုံတင်ရန်စာရွက်စာတမ်းမတင်ရသေးခင် “Shan State Consultative Council”ကိုစုရုံးရန် ကြိုးစားနေချိန်မှာပင် တရားခံများအဖြစ် အဖမ်းခံ ပြစ်ဒဏ်ပေးခြင်းခံရပါသည်။ ထို့ကြောင့် ၄င်းတို့၏တရားစီရင် ခြင်းသည် သင့်လျော် မှန်ကန်ခြင်းမရှိပါ။

သွင်းကုန်ထုက်ကုန် ကြီးကြပ်မှူ၊ ၁၉၄၇ ပုဒ်မအရ စွပ်စွဲချက်များ၊

သွင်းကုန်ထုက်ကုန်ကြီးကြပ်ရေးဥပဒေအရ သက်သေအထောက်အထားများ စွပ်စွဲချက်များမှာ တရားစွဲဆိုနိုင်လောက်အောင် မရှိပါ။ ဒု-ရဲ အုပ်တယောက်မှအပ တခြား၁၆ယောက်သောသက်သေခံက ဦးဆေထဲင်(တရားခံ)သည် ကျွန်းသစ်နှင့် သစ်တောထွက်ကုန်ချောများကို တခြားနိုင်ငံသို့ မှောင်ခိုထုတ်သွားခြင်းဖြစ်သည်ဟု ထောက်ခံအဆိုပြုပေးခြင်းမရှိ။ တဦးတယောက်တည်းသောသက်သေခံက တရားစွဲ လိုခြင်းကို ခွင့်မပြုသင့်ပါ။ စွပ်စွဲချက်အတွက်အထောက်အထားမရှိ၊ အထောက်အထားမတင်ပြရခင်မှာပင် တရားရုံးကသူ့ဖာသာသူဆုံး ဖြတ်ချက်ချထားပြီးသားဖြစ်သည်။

နိုင်ငံတော်ကို ငြိမ်းချမ်းစွာနည်းစနစ်ကျကျ အသွင်ကူးပြောင်းနေခြင်းနှင့် အောင်မြင်စွာဆောင်ရွက်နေသော အမျိုးသားညီလာခံ၏ လုပ် ဆောင်မှု များကို ကာကွယ်ပေးသည့် ဥပဒေနှင့်ဆန့်ကျင်သော အဟန့်အတားအတိုက်အခံပြုခြင်းများအတွက်နှင့် စွပ်စွဲချက် ၊

အမျိုးသားညီလာခံကို ကာကွယ်သည့်ဥပဒေကို ချိုးဖောက်မှူဟု စွပ်စွဲခြင်းခံခဲ့ရသည့် ရှမ်းတိုင်းရင်းသားခေါင်းဆောင်များ၏ ထုတ်ပြန် ကြေညာချက်များ၊လုပ်ဆောင်မှူများသည် ခေါင်းဆောင်များပြုလုပ်သင့်ပြုလုပ်ထိုက်သော နိုင်ငံရေးဖေါ်ပြချက်မျှသာ ဖြစ်ပါသည်။
ထိုဖေါ်ပြချက်များသည် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးနှင့်ပတ်သက်သော ရှမ်းတိုင်းရင်းသားများ၏ တွေးခေါ် ယူဆမှူများဖြစ်ပါသည်။ ဥပမာအားဖြင့်ဆိုရလျှင် ဦးခွန်ထွန်းဦး၏မိန့်ခွန်းများသည် နိုင်ငံတော်ဥပဒေကို မရည်ညွန်းသည်မက အမျိုးသား ညီလာခံကိုလည်း ဝေဖန်ပြောဆိုပုတ်ခတ်ခြင်း မရှိခဲ့ရပါ။ “The Future Burma” မှ ကောက်နုတ်ချက်တချို့သည် နိုင်ငံတော်၏ တိုင်းရင်းသားအချင်းချင်းအကြားမှာ လိုအပ်နေသည့် ညီညွတ်မှုကို ဖေါ်ပြခြင်းမျှသာဖြစ်ပြီး အမျိုးသားညီလာခံကို ထိခိုက်သည်မဟုတ်ပါ။ တခြားသော ထုတ်ပြန်ကျေညာချက်များသည်လည်း အမျိုးသားညီလာခံနှင့် ပတ်သက်ခြင်းမရှိခဲ့ပါ။ မည်သို့ဆိုစေ အကယ်၍ ၄င်း၏ဝေ ဖန်ချက်များသည် နိုင်ငံတော်ဥပဒေနှင့်ဖြစ်စေ၊ အမျိုးသားညီလာခံ နှင့်ဖြစ်စေ တိုက်ရိုက်ပတ်သက်နေသည်ဆိုလျှင်တောင်မှ နိုင်ငံသား တိုင်းသည် ၄င်းတို့ပိုင်သည့်နိုင်ငံတော်၏ဥပဒေများကို အကြံပြုနိုင်သည့်အခွင့်အရေးများရှိပါသည်၊်၊ အကြံပြုခြင်းသည် ရာဇဝတ်မှုမ ဟုတ် ပါ။ လွတ်လပ်စွာပြောဆိုပိုင်ခွင့်၏ ဖော်ပြချက်တခုသာ ဖြစ်ပါသည်။


နိုင်ငံတော်သစ္စာဖောက်မှုစွပ်စွဲချက်များ၊

နိုင်ငံတော်သစ္စာဖောက်မှုကျူးလွန်ရန်အတွက် တဦးတယောက်သည်ပြည်ထောင်စုကိုစစ်ထိုးနေရမည် (သို့မဟုတ်) ပြည်ထောင်စုကို ဖြိုခွဲရန် ကြိုးစားနေရမည်ဖြစ်ပါသည်။ ဤအမှူထဲတွင် ထိုကဲ့သို့သောလုပ်ဆောင်ချက်များ တရားခံများ ကျူးလွန် နေသည်ဆိုသည့် သက် သေအထောက်အထားများမရှိခဲ့ပါ။ ထို့အပြင် ဥပဒေဘောင်တွင်းအရဆိုလျှင် နိုင်ငံတော်ဥပဒေနှင့် တည်ဆောက်ခဲ့သည့် အစိုးရကိုပုန် ကန်သည့်အချိန်ကျမှသာလျှင် အစိုးရကိုစစ်ထိုးခြင်းသည် ရာဇဝတ်မြောက်ပါမည်။ သို့အတွက် စစ်အစိုးရသည် နိုင်ငံတော်ဥပဒေနှင့်အညီ တရားဝင်တင်မြှောက်ထားသည့် အစိုးရမဟုတ်သဖြင့် တရားခံများသည်လည်း နိုင်ငံတော်ပုန်ကန်မှု ပြစ်မှုကျူးလွန်သည်ဟု မဆိုနိုင်ပါ။

နိုင်ငံတော်အား အကြည်ညိုပျက်အောင်ပြုခြင်း စွပ်စွဲချက်၊

နိုင်ငံတော်အားအသရည်ပျက်အောင်ပြုခြင်းကို ကာကွယ်သည့်ဥပဒေသည် ပြည်သူများ အစိုးရအပေါ် နာကြည်းစေမည့် စက်ဆုပ်ရွံရှာ စေမည့် မလိုလားမတောင့်တစေမည့် စကားများကို ဖြစ်ပေါ်စေသည့်ကြေညာချက်များပြုလုပ်ခြင်းကို တားမြစ်စေပါသည်။
ရှမ်းတိုင်းရင်းသားခေါင်းဆောင်များကို ပြစ်ဒဏ်ပေးရန်အသုံးပြုထားသည့် တချို့သောစွပ်စွဲထားချက်များ၊ ကြေညာချက်များသည် စစ်အ စိုးရနှင့် မည်သည့်နည်းနှင့်မျှ မပတ်သက်ပါ။ သည့်အပြင် တရားရုံး၏နိဂုံးချူပ်အရ မှားသည်ဆိုပေမယ့် တချို့သောကြေညာချက်များသည် အမှန်များဖြစ်ပါသည်။ နိုင်ငံတော်အား အသရည်ပျက်အောင်ပြုခြင်းကို ကာကွယ်ပေးသည့်ဥပဒေသည်လည်း ဥပဒေဘောင်အတွင်း ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ဆန့်ကျင်သည့် ကြေညာချက်များပြုလုပ်မှသာ အကျုံးဝင်ပါသည်။ ဤနေရာတွင် စစ်အစိုး ရသည် အာဏာသိမ်းပြီး မတရားသဖြင့် တင်မြောက်ထားခြင်းသာဖြစ်သည့်အတွက်ကြောင့် နိုင်ငံတော်ကို အသရည်ပျက်အောင် ပြုခြင်းဖြစ်သည်ဟု စွပ်စွဲမှုများသည်လည်း အကျုံးမဝင်ပါ။

၁၉၆၂ ပုံနှိပ်သူနှင့် ထုတ်ဝေသူ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မအရ စွပ်စွဲချက်များ၊

ပုံနှိပ်သူနှင့်ထုတ်ဝေသူ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မအရ စွပ်စွဲချက်များနှင့်ပတ်သက်၍ “Shan State Academics Consultative Council” ထုတ်ပြန်ချက်နှင့် အခြားထုတ်ပြန်ချက်များကို ဦးမြင့်သန်းက ပုံနှိပ်ခဲ့သည်ဟု စွပ်စွဲထားဆိုသည်မှာ လုံးဝအခြေအမြှစ်မရှိပါ။ ထို့အပြင် ဦးမြင့်သန်းသည်အစည်းအဝေးတက်ရောက်သောသူများတို့ကို ထုတ်ပြန်ချက်သုံးစောင်သာ ဝေပေးခဲ့ခြင်းဖြစ်ပါသည်၊ ဤဝေငှမှုသည် အကန့်အသတ်နှင့်ဖြစ်နေ၍ အဆိုပါပုဒ်မအရ မှတ်ပုံတင်ရန်မလိုအပ်ပါ။ တခြားသော တရားခံများသည်လည်း မည်သည့်အရာကိုမျှ ပုံနှိပ် ခြင်း၊ ထုတ်ဝေခြင်းမရှိသဖြင့် ဤပုဒ်မအရ တရားစွဲဆိုခြင်း မခံထိုက်ပါ။

ပြည်သူလူထုနှင့် ဆက်နွယ်သော ၁၉၆၃ ပစ္စည်းကာကွယ်မှု ပုဒ်မအရ စွပ်စွဲချက်များ၊

ပြည်သူပိုင်ပစ္စည်းကာကွယ်မှူနှင့် ဆက်နွယ်သောအမှူမှာ အထောက်အထားမရှိ ၊ အချက်အလက်များနှင့် မကိုက်ညီပါ။ ပြည်သူလူထုနှင့် ဆက်နွယ်သော ပစ္စည်းကာကွယ်မှူပုဒ်မသည် စစ်တပ် သို့မဟုတ် အခြားသောအဖွဲ့အစည်းများက ထိန်းသိမ်းထားခြင်း၊ အသုံးပြုထားခြင်း၊ ပိုင်ဆိုင်ထားခြင်းရှိသောဥစ္စာပစ္စည်းတို့နှင့်သာ ပတ်သက်ပါသည်။ အဆိုပါ အငြင်းပွါးနေသော ကျွန်းသစ်တို့မှာ ပြောဆိုနေသည့် ပစ္စည်း မျိုးမဟုတ်ပါ။ ထို့အပြင် သွင်းကုန်ထုတ်ကုန်ကြီးကြပ်မှူပုဒ်မ၏ အမှူတွဲအမှတ် ၂၉၃/ ၀၅ ၊ အပိုဒ် ၅.၅(၃) အရ ဗိုလ်ချူပ်ဆေထဲင်သည် တရားစွဲခံရပြီးသားဖြစ်၏။ တရားခံတယောက်သည် လုပ်ရပ်တခုအတွက်နှင့် ရာဇဝတ်မှူဥပဒေအမျိုးမျိုးနှင့် စွပ်စွဲ၍မရနိုင်ပါ။ ထိုမှအပ သစ်စက်ရုံသည် ဗိုလ်ချူပ်ဆေထဲင်ပိုင်မဟုတ၊် ရှမ်းပြည်တပ်မ တော်ပိုင်ဖြစ်ကြောင်းကိုလည်း သက်သေခံများက အသိအလင်း ပြောပြီး ဖြစ်သည်။ အကယ်၍ သစ်စက်ရုံမှာ ပြဿနာတခုခု ပေါ်ပေါက်လာခဲ့လျှင် ရှမ်းပြည်တပ်မတော် တစ်ခုလုံး၏တာဝန်သာဖြစ်ပါသည်။ နောက်ပြီး စက်ရုံကို အုပ်ချုပ်တာဝန်ယူထား သူသည် ဦးလွယ်မောင်းဖြစ်ပြီး ဗိုလ်ချူပ်ဆေထဲင်မဟုတ်ပါ။ မည်သည့်တာဝန်ဝတ်တရားမျှ မရှိသော ဗိုလ်ချူပ်ဆေထဲင်ကို ဒဏ်ခတ်ခြင်းသည် တကယ့်ကို မှားယွင်းနေပါသည်။

၃. ငြိမ်းချမ်းသည့်လုပ်ရပ်ကို ရာဇဝတ်ဇာတ်သွင်းခြင်းနှင့် ရာဇဝတ်မှူများကို လုပ်ဇာတ်ခင်းခြင်း၊

“Shan State Academic Consultative Committee” ကို တည်ထောင်ရန်နှင့်ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးကို ဖက်ဒရယ်ပြည် ထောင် စုဘောင်အတွင်းတွင် မည်သို့ကျင့်သုံးရမည်ကိုလေ့လာရန် ဦးခွန်ထွန်းဦးနှင့် အခြားရှမ်းတိုင်းရင်းသားခေါင်းဆောင်တို့၏ ကြိုးပမ်းမှုမှာ မြန်မာနိုင်ငံ၏ အကျိုးသက်ရောက်တည်ဆဲရှိသော အမျိုးသားဥပဒေများအရ အပြစ်မရှိပါ၊ တခါ နိုင်ငံတကာလူ့အခွင့်အရေးနှင့် ဥပဒေနှင့် ညီညွတ်မှုရှိနေပါသည်။ ဤအချက်သည် စစ်အစိုးရကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သော ဦးခွန်ထွန်းဦးနှင့် ရှမ်းတိုင်းရင်းသားခေါင်း ဆောင်များ၏ လှုပ်ရှားမှုကြီးဖြစ်ပါသည်။ ဤု့ကြိုးပမ်းချက်များသည် တခြားတိုင်းရင်းသားလူမျိုးများနှင့် တိုင်းရင်းသားလက်နက်ကိုင်အ ပစ်ခတ်ရပ်ဆဲအဖွဲ့များ၊ တခြားတိုင်းနှင့်ပြည်နယ်များ၌ မှီတင်းနေထိုင်ကြသောပြည်သူများထံသို့ပြန့်နှံ့သွားပြီး ၄င်းတို့၏အာဏာကိုထိပါး ခြိမ်းခြောက်လာမည်ကို စစ်အစိုးရ စိုးရိမ်၍ ဤသို့ ငြိမ်းချမ်းသောကြိုးပမ်းမှုကို ရာဇဝတ်ဇာတ်သွင်းခံခဲ့ရပြီးအကျယ်ချဲ့ခံခဲ့ရသည်၊ အခြား လုပ်ဇာတ်ခင်းပြီး ရာဇဝတ်မှူများ နှင့် အရောအနှောခံခဲ့ရသည်။ နောက်ဆက်တွဲအရ အောက်တွင်ဖေါ်ပြသော မြန်မာနိုင်ငံ၏အကျိုး သက် ရောက်တည်ဆဲရှိနေသော အမျိုးသားဥပဒေများနှင့်ဖီသွေပြီး ဤလုပ်ရပ်ကြီးတခုအတွက်နှင့် ပြစ်ဒဏ်များကို စွပ်စွဲမှုအမျိုးမျိုးနှင့် ပုဒ်မ အ ကြိမ်ကြိမ်အခါခါတပ်ကာ ပေးနေပါသည်။ မြန်မာနိုင်ငံတော်၌ အကျိုးသက်ရောက်တည်ဆဲဖြစ်သော ၁၉၇၃-ခုနှစ် အမျိုးသားဥပဒေတရပ် အဖြစ် အပိုဒ်-၂၂ ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ အောက်ပါအတိုင်း ဖော်ပြပါရှိပါသည်။အကယ်၍ ပြစ်မှူနှစ်ခု သို့မဟုတ် များစွာရှိခဲ့သော် ထို ပြစ်မှူများမှ ပြစ်မှူကျူးလွန်သူသည် ပြစ်မှူတခုအတွက်သာပြစ်ဒဏ်အခတ်ခံရမည်။ ပြစ်မှူတခုအတွက် ပြစ်ဒဏ်တကြိမ်မျှသာ ပေးရပါမည်။

၎. တရားစီရင်ဆုံးဖြတ်ကိုင်သွယ်ခြင်း၏ နှိပ်စက်ချူပ်ချယ်မှု ကိရိယာအဖြစ်၊

ဦးခွန်ထွန်းဦး၏အမှူကိစ္စသည် နိုင်ငံရေးပြိုင်ဘက်နှင့် တနည်းအားဖြင့်စစ်အစိုးရကို အာခံရဲသည့်လူများကို ပိုပြီးနှိပ်စက်ငြင် ဆဲရန်အတွက် တိုင်းပြည်ကိုအုပ်ချုပ်မင်းလုပ်နေသော စစ်အစိုးရ ကိုင်သွယ်ထားသည့်တရားစီရင်ရေးသည် ကျောသားရင်သားခွဲခြားသောစနစ်ကို နမူနာ အဖြစ်ဖော်ပြနေပါသည်။ ထိုသို့ကိုင်သွယ်မှု၏ အထင်ရှားဆုံးတခုမှာ တရားမျှတသည့် ကြားနာစစ်ဆေးခြင်း လုံးဝပြတ်လပ်နေခြင်း ဖြစ်ပါသည်။ ၄င်းတို့အဖမ်းခံရလျှင်ရချင်း ဦးခွန်ထွန်းဦးနှင့်အပေါင်းအပါများ၏ ကံကြမာများသည် ဆုံးဖြတ်ပြီးပြီးသားဖြစ်ခဲ့ပါသည်။ အမှူတ ခုခုမှာ တရားသူကြီးက စစ်အစိုးရ၏ရာဘာတံဆိပ်တုံးအဖြစ်မျှသာ ပြုမူလုပ်ဆောင်ခဲ့ပါသည်။ တဆင့်စကားကို ခွင့်ပြုခြင်း၊ ဥပဒေကိုမှန် ကန်စွာအသုံးပြုရန်ပျက်ကွက်ခြင်း၊ ရာဇဝတ်မှူနှင့် မပတ်သက်သည့် အထောက်အထားများကို အသုံးပြုခြင်းသည် စစ်အစိုးရမှ လုံးဝကိုင် သွယ်ထားသော နိုင်ငံတော်တရားရေး၏ အရိပ်လက္ခဏာများဖြစ်ပါသည်။ ထိုမျှမက တရားစီရင်သည့်နေရာတွင် ပြစ်ဒဏ်ဆုံးဖြတ်ချက်မှာ ရာဇဝတ်များ၏သဘာဝနှင့် သင့်လျော်လျောက်ပတ်မှုရှိရန် လိုအပ်လှပါသည်။ ဤနေရာမှာ သက်သေသာဓက လုံးဝလစ်ဟင်း သည်မှအ ပ အမှူအားလုံးမှာ အမြင့်ဆုံးတရားစီရင်ချက်ကိုအသုံးပြုခြင်းသည် တရားရုံးများကိုစစ်အစိုးရမှ ကိုင်သွယ်ထားပြီးတရားသူကြီးကိုယ် တိုင် လွတ်လွတ်လပ်လပ် အမှူကို မကိုင်တွယ် မဆုံးဖြတ်နိုင်ကြောင်း၏ နောက်ထပ်အရိပ်အမြွက်တခု ဖြစ်ပါသည်။

၅. တရားဥပဒေနှင့်မညီသော ထောင်ချခြင်းနှင့် လူ့အခွင့်အရေးနှင့်ဆန့်ကျင်သောနိုင်ငံရေးဖိစီးညှင်းဆဲမှု၊

ဦးခွန်ထွန်းဦးနဲ. အခြားရှမ်းတိုင်းရင်းသားခေါင်းဆောင်များကို ထောင်ချထားခြင်းသည် နိုင်ငံတကာပြစ်မှူတရားရေးဆိုင်ရာ တရားစီရင်ပိုင် ခွင့်အရ လူသားနှင့်ဆန့်ကျင်သည့် ရာဇဝတ်များမြောက်ပါသည်။ ဦးစွာအနေနှင့်အကြောင်းခိုင်လုံမှုမရှိသော ထောင်ပြစ်ဒဏ်ချခြင်းသည် ”ထောင်ဒဏ်ချခြင်း သို့မဟုတ် အခြားခန္ဓာကိုယ်ပိုင်လွတ်လပ်မှုကို ဆုံးရှုံးစေခြင်းတို့သည် နိုင်ငံတကာဥပဒေ၏ အခြေခံစည်းမျဉ်းကို ချိုး ဖေါက်သည့်ပြစ်မှုတရပ်ဖြစ်သည်။(Article-7(1)(e)။ ထို့အပြင် ဥပဒေဘောင်နှင့် မကိုက်ညီသည့် ထောင်ဒဏ်ချမှတ်ခြင်းသည် နိုင်ငံရေး အုပ်စုတစုကို တမင်သက်သက်ငြှင်းဆဲမှူဖြစ်နေသည့်အတွက်ကြောင့် ထိုသို့ပြစ်ဒဏ်ပေးထားခြင်းသည် ”ဤအပိုဒ် သို့မဟုတ် တရားရုံး၏ တရားစီရင်မှူအတွင်းရှိ ရာဇဝတ်မှူတခုခုနှင့် ရည်ညွန်းထားသော ပုဒ်မတခုခုနှင့်ဆက်နွယ်သောနိုင်ငံရေးစုရုံးမှု သို့မဟုတ် အခြားခွဲခြားနိုင် သော အုပ်စုတစုစုကိုနှိပ်စက်ညှင်းဆဲခြင်း”လည်းဖြစ်ပါသည်။ ဤစီရင်ဆုံးဖြတ်ချက်များသည် ဗမာစစ်အစိုးရ၏ ပြည်သူလူထုအပေါ် စနစ် တကျနှင့်ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ချီထားသည့် ရာဇဝတ်မှူများတစိတ်တပိုင်း ဖြစ်ပါသည်။ ဤတွင် ဦးခွန်ထွန်းဦးအမှူအပါအဝင် မြန်မာနိုင် ငံအတွင်းမှာ ဖြစ်ပျက်နေသော လူသားအချင်းချင်းအပေါ် ပြစ်မှားသည့်ရာဇဝတ်မှူကို စတင်စစ်ဆေးနိုင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင် စီက “ နိုင်ငံတကာရာဇဝတ်မှူခုံရုံး ”သို့ မြန်မာနိုင်ငံကို ရည်ညွန်းအပ်နှံပေးရပါမည်။
ကျွန်တော်တို့ ရှမ်းတိုင်းရင်းသားခေါင်းဆောင်များ ချွင်းချက်မရှိ ချက်ချင်းလွတ်ပေးရန်အတွက်ကို နိုင်ငံတကာလူ့အဖွှဲ့အစည်းမျာုးး၊ ကမ္ဘာပေါ်ရှိဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက်လှုပ်ရှားသူများအားလုံး စစ်အစိုးရအပေါ် ဖိအားပေးသွားရန်ကိုလည်း အနူးအညွတ် တောင်းဆိုအပ်ပါသည်။



သျှမ်းပြည်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့(ဂျပန်)။
(၁၁-၉-၂၀၀၈ ဦးခွန်ထွန်းဦး၏ ၆၅ နှစ်မြောက်မွေးနေ့)


Read More...