Sunday
Working Committee of 2012 Shan State Nationalities for Democracy (Japan)
Posted by SaiNwe at 11:00 PM 0 comments
Labels: ထုတ်ပြန်ကြေငြာချက်
Friday
ဦးခွန်ထွန်းဦးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆို ဆန္ဒပြပွဲ(တိုကျို)
သတင်းမှတ်တမ်း ။ SSND
Posted by SaiNwe at 11:15 PM 0 comments
Wednesday
Monday
ရှေ့တန်းတွင် ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်နေကြသော KNU ရဲဘော်များတို့အား ပံ့ပိုးကူညီသည့် ရိက္ခာဆန်အလှူ ပေးအပ်သည့် အခမ်းအနား ကျင်းပပြုလုပ်
၂၀၁၁ ခုနှစ် အောက်တိုဘာလ (၂)ရက်။
သျှမ်းပြည် တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SSND-Japan ၏ ပုံမှန် လပတ်အစည်းအဝေးကို Takadanobaba အရပ်ရှိ ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း AUN-Japan ရုံးခန်း၌ ယနေ့ညနေ ၁၈း၃၀ နာရီမှ ၂၁း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် အလုပ်အမှုဆောင် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး လက်ရှိ ဖြစ်ပေါ်နေသာ ပြည်တွင်းပြည်ပ နိုင်ငံရေး အခြေအနေများ ရှေ့လုပ်ငန်းစဉ်များတို့ကို အပြန်အလှန် သုံးသပ် ဆွေးနွေး ခဲ့ကြပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ရှေ့တန်းတွင် ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်နေကြသော KNU ရဲဘော်များတို့ကို လေးစားသောအားဖြစ် သျှမ်းပြည် တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SSND-Japan၏ ပံ့ပိုးကူညီသည့် ရိက္ခာဆန် အလှူ ပေးအပ်သည့် အစီအစဉ်ကို KNU-Japan တာဝန်ခံ စောမျိုးခိုင်ရှင်းမှ လက်ခံ ရယူခဲ့ကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်း။ Mai kYaw Oo
Posted by SaiNwe at 12:18 AM 0 comments
Labels: သတင်း
Sunday
(၆၈)နှစ်ပြည့်မြောက် ဦးခွန်ထွန်းဦး၏ မွေးနေ့အလှူ တိုကျိုတွင် ကျင်းပပြုလုပ်။
ယနေ့ ကျရောက်သည့် တိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး၏ (၆၈)နှစ်ပြည့်မြောက် မွေးနေ့အတွက် သျှမ်းပြည်တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SSND-Japan နှင့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SND-Japan တို့မှဦးစီး၍ှ SUGAMO အရပ်ရှိ သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ် (ဂျပန်-ဌာနခွဲ)ဘုန်းကြီးကျောင်း၌ မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲမှာ ကျမ္မာစေရန်နှင့် အမြန်ဆုံး လွတ်မြောက်ရန်အတွက် သံဃာတော်များ ဆွမ်းကပ် လှူဒန်းခြင်း ကောင်းမှုကုသိုလ် အလှူဒါနပြခြင်း အစီအစဉ်ကိုပါ နံနက်(၁၀)နာရီမှ နေ့လည် (၁၄း၀၀)နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
တိုင်းရင်းသား ပြည်သူလူထုတရပ်လုံး အဖိနှိပ်ခံဘ၀မှ လွတ်မြောက်ရေးနှင့် စစ်မှန်သည့် ဒီမိုကရေစီ ရရှိရေးအတွက် ဦးခွန်ထွန်းဦး၏ တိုင်းပြည်အပေါ် စွန့်လွတ် အနစ်နာမှုတွေကို လေးစားသေားအားဖြစ် ဦးခွန်ထွန်းဦး၏ မွေးနေ့၌ ကျမ္မာစေကြောင်းနှင့် အမြန်ဆုံး လွတ်မြောက်ရန်အတွက် ကောင်းမှု ကုသိုလ်ပြုပေးခဲ့ကြပြီး တက်ရောက်ခဲ့ကြသည့် ဧည့်ပရိတ်သတ်များတို့ကို သျှမ်းခေါက်ဆွဲဖြစ် ပြန်လည် ဧည့်ခံ ပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်း။ Mai Kyaw Oo
Posted by SaiNwe at 11:25 PM 0 comments
