Monday

ရှေ့တန်းတွင် ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်နေကြသော KNU ရဲဘော်များတို့အား ပံ့ပိုးကူညီသည့် ရိက္ခာဆန်အလှူ ပေးအပ်သည့် အခမ်းအနား ကျင်းပပြုလုပ်


၂၀၁၁ ခုနှစ် အောက်တိုဘာလ (၂)ရက်။

သျှမ်းပြည် တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SSND-Japan ၏ ပုံမှန် လပတ်အစည်းအဝေးကို Takadanobaba အရပ်ရှိ ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း AUN-Japan ရုံးခန်း၌ ယနေ့ညနေ ၁၈း၃၀ နာရီမှ ၂၁း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် အလုပ်အမှုဆောင် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး လက်ရှိ ဖြစ်ပေါ်နေသာ ပြည်တွင်းပြည်ပ နိုင်ငံရေး အခြေအနေများ ရှေ့လုပ်ငန်းစဉ်များတို့ကို အပြန်အလှန် သုံးသပ် ဆွေးနွေး ခဲ့ကြပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ရှေ့တန်းတွင် ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်နေကြသော KNU ရဲဘော်များတို့ကို လေးစားသောအားဖြစ် သျှမ်းပြည် တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SSND-Japan၏ ပံ့ပိုးကူညီသည့် ရိက္ခာဆန် အလှူ ပေးအပ်သည့် အစီအစဉ်ကို KNU-Japan တာဝန်ခံ စောမျိုးခိုင်ရှင်းမှ လက်ခံ ရယူခဲ့ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း။ Mai kYaw Oo

0 comments: