Tuesday

ဦးခွန်ထွန်းဦးနှင့် တိုင်းရင်းသား ခေါင်းဆောင်များအတွက် ကောင်းမှုကုသိုလ် အလှူဒါနပြုခြင်း(တိုကျို)

ဦးခွန်ထွန်းဦးနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ကျန်းမာစေကြောင်း နှင့် အမြန်းဆုံး လွတ်မြှောက်စေရန် အတွက် Tokyo Itabashi-ku ရှိ ထေရ၀ါဒ ပရိယတ္တကျောင်းတော် (MCWA)မှာ သံဃာတော်များ ဆွမ်းကပ်လှူဒန်းခြင်း ကောင်းမှုကုသိုလ် အလှူဒါနပြခြင်း အစီအစဉ်ကို သျှမ်းပြည်တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့(ဂျပန်)မှ ယနေ့ နံနက် ၁၀း၀၀ နာရီမှ ၁၃း၀၀ နာရီအထိ ပြုလုပ်ခဲ့ကြပါသည်။

၂၀၀၅ ဖေဖေါ်ဝါရီ ၇ ရက် သျှမ်းပြည်နယ်နေ့ ညစာ စားပွဲအပြီး ဖေဖေါ်ဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့များ၌ SNLD ဥက္ကဌ ဦးခွန်ထွန်းဦးနှင့် သျှမ်းတိုင်းရင်းသား ခေါင်းဆောင်များတို့ကို သျှမ်းပြည်အတိုင်ပင်ခံ ကောင်စီ ဖွဲ့စည်းမှု စွပ်စွဲချက်အပြင် အခြားအမှုပေါင်း များစွာရှာကြံ၍ မတရား ဖမ်းဆီး ထိန်းသိမ်းခဲ့ပါသည်။ ဦးခွန်ထွန်းဦး ၊ ဗိုလ်ချုပ်ဆေထင်နှင့် စိုင်းညွန့်လွင် အပါအဝင် သျှမ်းပြည် မျိုးဆက်သစ် ခေါင်းဆောင် များအား သွားလာရေး ခက်ခဲ့သည့် နယ်စွန်နယ်ဖျား ထောင်များသို့ ပို့ဆောင် ချုပ်နှောင်ခံရပြီးနောက်ပိုင်း တနှစ်ထက် တနှစ် ကျန်းမာရေး အခြေအနေမှာ ဆိုးရွားလာကြောင်းကို ကြားသိရသည့်အတွက် ကျမ္မာစေရန်နှင့် အမြန်ဆုံးလွတ်မြောက်ရန် ဆုတောင်းမေတ္တာပို့သသည့် အလှူကို ပြုလုပ်ရခြင်းဖြစ်ပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ SSND-Japan

0 comments: