Sunday

သျှမ်းပြည်အမျိုသားများဒီမိုကရေစီအဖွဲ့ (ဂျပန်) ၆လပါတ်အစည်းအဝေးမှတ်တမ်း


ယနေ့ ၂၀၁၁ ဧပြီလ ၅ရက်နေ့ ၊သျှမ်းပြည်အမျိုးသားများဒီမိုကရေစီအဖွဲ့ (ဂျပန်)မှ ၂၀၁၁ အတွင်း ၆လပါတ် အစည်းအဝေးကို Takadanobaba အရပ်ရှိ AUN-Office ၌ ပြုလုပ်ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ဥက္ကဋ္ဌကိုမိုင်ကျော်ဦးမှ အမှာစကားပြောကြားသွားခဲ့ပြီးနောက် အသင်းဝင်များက တဦးချင်းစီ၏ လူမှုရေးလှုပ်ရှားမှုများကို အကြံပေးဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ယခုလက်ရှိ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ရှေ့တန်းတွင် တိုက်ပွဲဝင်နေကြသော SSA ရဲဘော်များအား ပံ့ပိုးသည့် အကူအညီ ငွေများကို ပေးပို့ရန် အဖွဲ့သားများအားလုံးမှ စိတ်တူကိုယ်တူ သဘောတူညီခဲ့ကြသည်။







0 comments: