Monday

အကြိမ်(၂၀)မြောက် တိုကျိုမြို့  မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်မှ မြန်မာနိုင်ငံ၊ရှမ်းပြည်အရှေ့ပိုင်း ငလျင်ဘေးဒုက္ခအတွက် အလှူငွေရှာဖွေကောက်ခံပွဲ


မြန်မာရိုးရာ တိုကျို အတာသင်္ကြန်ပွဲတော်ကို မေလ(၁၅)ရက်နေ့ တိုကျိုမြို့  HIBIYA ပန်းခြံ မှာ နံနက် ၁၀း၃၀ နာရီ မှ ညနေ ၅း၀၀ နာရီအထိ မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်(LDB) မှ တာဝန်ယူဦးစီး၍ စည်းကား သိုက်မြိုက်စွာ ကျင်းပပြုလုပ် ခဲ့ပါသည်။

ထိုပွဲတော်တွင် သျှမ်းပြည်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ (ဂျပန်)က ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့ ရှမ်းပြည်အရှေ့ပိုင်းတွင် လှုပ်ခတ်သွားသော ငလျင်ဒဏ် ဒုက္ခသည်နှင့် ပြန်လည်တည်ဆောက်ရေးအတွက် ဈေးရောင်းအလှူငွေရှာဖွေခြင်းနှင့် အလှူငွေကောက်ခံခြင်း တို့ကို ပြုလုပ်ခဲ့ပါသည်။

0 comments: