Sunday

သျှမ်းပြည်အမျိုးသားများဒီမိုကရေစီအဖွဲ့(ဂျပန်)ဧ။် ၂၀၁၁ အလုပ်မှုဆောင်ကော်မတီရွေးကောက်ပွဲအခမ်းအနား


ဒီနေ့ ၂၀၁၀ဒီဇင်ဘာလ ၁၉ရက်နေ့ မှာ သျှမ်းပြည်အမျိုးသားများဒီမိုကရေစီအဖွဲ့(ဂျပန်) သည် ၂၀၁၁ အတွက် အလုပ်မှုဆောင်ကော်မတီရွေးကောက်ပွဲကို ကျင်းပခဲ့ပါသည်။ သျှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့(ဂျပန်) SSND သည် ၂၀၀၇ နိုဝင်ဘာလ ၃ ရက်နေ့တွင် ဂျပန်ရောက် ရှမ်းပြည်တိုင်းရင်းသားများမှ ရှမ်း၊ ပအိုဝ်.၊လီရှော၊ကိုးကန့်…. စသည်တို့မှ ပြန်လည်ဖွဲ့စည်းထားသောအသင်း ဖြစ်ပါသည်။အသင်းဧ၊၊် ရည်ရွယ်ချက်မှာ
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီသင်းနေထိုင်ကြသော တိုင်းရင်းသားများများစည်းလုံးညီညွတ်ရေးနှင့် ပြည်သူများသဘောနှင့်အညီ စစ်မှန်သော ဒီမိုကရေစီနိုင်ငံရေးနှင့် တန်းတူသော ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာစေရန်၊
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း အတူတကွ ပေါင်းသင်းနေထိုင်ကြသော ဌါနေတိုင်းရင်းသားများ အချင်းချင်းချစ်ကြည်၊ စည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ တည်တံ့ခိုင်မြဲရေးနှင့် တွန့်ရှည်စေရန် တတ်စွမ်းသမျှ လုပ်ဆောင်ရန်၊
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီသင်းနေထိုင်ကြသော လူမျိုးအချင်းချင်း လူ့အခွင့်အရေးဆိုင်ရာ တန်းတူညီမျှစွာ အပြည့်အ၀ခံစားနိုင်ရန်၊
ပြည်တွင်းငြိမ်းချမ်းရေးရရန် ငြိမ်းချမ်းသော နည်းလမ်းများဖြင့် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ရန်၊ တိုင်းရင်းသားများဧ။် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ စာပေယဉ်ကျေးမှုနှင့် အခြားကဏ္ဍများတွင် တိုးတက်ဖွံ့ဖြိုးအောင် အစွမ်းကုန်ကူညီဆောင်ရွက်ရန်၊
လွတ်လပ်သော နိုင်ငံရေးမှုဝါဒကို အခြေခံရ်ျ ကမ္ဘာမိသားစုနှင့် တန်းတူရည်တူချစ်ခင်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံရန် ရည်ရွယ်ထားပါသည်။

1 comments:

bba01 said...

Hi,
My name is Bogdan from Romania! I want to make friends!
Can we be friends?? LinkExchange??
My blog address is: www.bogdanstelistul.blogspot.com
Thank you!!!!