Thursday

ဦးခွန်ထွန်းဦးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆို ဆန္ဒပြပွဲ(တိုကျို)။

၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၉ရက်နေ့
ဦးခွန်ထွန်းဦးနှင့် တိုင်းရင်းသားခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်မြောက်စေရန် အတွက် တောင်းဆို ဆန္ဒပြပွဲ အခမ်းအနားကို Tokyo, Shibuya မြို့ နယ်ရှိ ကုလသမ္မဂရုံးရှေ့တွင် ဂျပန်နိုင်ငံရောက် တိုင်းရင်းသား အင်အားစု များတို့မှ ဦးစီး၍ ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီ အထိ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။

အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများက တိုင်းပြည်နှင့် လူမျိုးအတွက် ကိုယ်ကျိုးစွန့်  အနစ်နာခံ ပြီး ထောင်ထဲတွင် ဆက်လက်တိုက်ပွဲဝင် ခေါင်းဆောင်များ နိုင်ငံရေးအကျဉ်းသားများတို့ကို လေးစားသောအားဖြစ် ကျမ္မာစေဖို့ နှင့် အမြန်ဆုံး လွတ်မြောက်ရန် အတွက် ယခုလို လစဉ် ၉ရက်နေ့  ကျရောက်တိုင်း တောင်းဆို ဆန္ဒပြပွဲ များ ပြုလုပ်လျှက်ရှိပါသည်။

0 comments: