၂၀၁၀ ခုနှစ် အောက်တိုဘာလ(၁၀)ရက်။
သျှမ်းပြည် တိုင်ရင်းသားများ ဒီမိုကရေစီအဖွဲ့(ဂျပန်)SSND-Japan မှ နအဖ စစ်အုပ်စုမှ ကျင်းပမည့် အတုအယောင် 2010 ရွေးကောက်ပွဲအား လက်မခံသည့် အကြောင်းနှင့် ဆန့်ကျင် ရှုတ်ချ ကန့်ကွက်သည့် အခမ်းအနားကို တိုကျိုမြို့ Takadanobaba အရပ်ရှိ Shokatsu Center 4 F မှာ ယနေ့ ညနေ ၆း၃၀ နာရီ မှ ၈း၃၀ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ယနေ့ ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် ဂျပန်ရောက် သျှမ်းပြည်တိုင်းရင်းသား လူမျိုးစု ကိုယ်စားလှယ် များတို့မှ စစ်အာဏာကို တရားဝင်ဖြစ်စေမည့် စစ်အာဏာရှင်စနစ်ကို သက်စိုးရှည်စေမည့် ၂၀၁၀ ရွေးကောက်ပွဲအား လက်မခံကြောင်း သားစဉ်မြေးဆက် ထာဝရ စစ်ကျွန်ပြုမဲ့ ရွေးကောက်ပွဲ ဖြစ်ကြောင်း ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင် နိုင်မည်မဟုတ်သည့် အတုအယာင် ရွေးကောက်ပွဲကို ဂျပန်ရောက် သျှမ်းပြည် တိုင်းရင်းသား လူမျိုးစု ကိုယ်စားလှယ်များတို့မှ တက်ရောက် ကန့်ကွက် ခဲ့ကြသည့်အပြင် မိမိတို့ရဲ့ ရပ်တည်ချက် သဘောထား ကြေငြာချက် တစ်စောင်ကို ထုတ်ပြန် ကြေငြာခဲ့ပါသည်။
ဆက်လက်ပြီး အမျိုးသားတန်းတူရေးနှင့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ဒီမိုကရေစီ ဖေါ်ဆောင်ရေး လုပ်းငန်းစဉ်တွေမှာ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများတို့နှင့်အတူ သျှမ်းပြည် တိုင်ရင်းသားများ ဒီမိုကရေစီအဖွဲ့(ဂျပန်)မှ ဆက်လက် တိုက်ပွဲဝင် သွားမည့်အကြောင်း ပြောကြား သွားခဲ့ကြောင်း သိရှိရပါသည်။
0 comments:
Post a Comment