၂၀၁၀ အောက်တိုဘာလ ၉ ရက်နေ့
“စစ်တွေထောင်ကို တကယ်ပို့လိုက်ပြီ၊ မိသားစုဝင်တွေ တယောက်မှ မတွေ့လိုက်ရဘူး၊ စနေနေ့ ညက ကျမတို့ မန္တလေးကနေ ရန်ကုန်ကို ညတွင်းချင်းလိုက်လာတယ်၊ မနေ့က(တနင်္ဂနွေနေ့ ၈/၈/၂၀၁၀) ရုံးဖွင့်ချိန်မှာ ထောင် ၀င်စာသွားတွေ့ဖို့ တောင်းတော့မရှိတော့ဘူး၊ စစ်တွေကိုပြောင်းလိုက်ပြီလို့ ထောင်အာဏာပိုင်တွေကပြော တယ် ” ဟု သမီးဖြစ်သူ နန်းခမ်းပေါဝ်းက ပြောပါသည်။
ဂျူလိုင် ၃၁ ရက်နေ့က သျှမ်းပြည်တပ်မတော် (အပစ်ရပ်တပ်ဖွဲ့) နာယက ဗိုလ်ချုပ်ဆေထဲန့်အား ခမ္တီးထောင်မှ မန္တလေးအိုးဘိုထောင်သို့ စတင်ပြောင်းရွှေ့ခဲ့ကြောင်း၊ အိုးဘိုထောင်တွင် သြဂတ်စ် ၅ ရက်နေ့အထိ ချုပ်နှောင်ပြီး ထိုမှတဆင့် ရန်ကုန်အင်းစိန်ထောင်သို့ဆက်တိုက်ပြောင်းရွေ့ခဲ့ကြောင်း၊ ထိုမှတဆင့် ပြီးခဲ့သည့် စနေနေ့က ရခိုင်ပြည်စစ်တွေသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်ဟု ဆို၏။
“အစပိုင်းက ရန်ကုန်ရောက်ပြီလို့ကြားရတော့ အဖေ့ကျန်းမာရေးအတွက် ဆေးကောင်းကောင်းစစ်ဆေးကုသ ခွင့်ရတော့မယ်လို့ထင်ခဲ့တာ၊ အခုတော့ ကျမတို့မျှော်လင့်ချက်က သဲထဲရေသွန်သလို ဖြစ်သွားပြီ။”
“ကျမတို့ လူငယ်တောင်မှ ခရီးဆက်တိုက်ထွက်ရင် အရမ်းပင်ပန်းတယ်။ အခုအသက် ၇၀ ကျော်တဲ့ ကျမတို့ ဖခင်ဆို ဘယ်လောက်ပင်ပန်းမှာလဲ။ တပတ်လုံးလုံး အဖေ့နောက်လိုက်နေတာ အခုလို လွဲပဲလွဲနေပြီး မတွေ့ရ တော့အရမ်း စိတ်အားငယ်တယ်။ စစ်တွေထောင်ကိုပြောင်းတယ်ဆိုတာက ကျမတို့တခါမှမသွားဖူးဘူး၊ အဖေ့ကိုဘယ်တော့သွား တွေ့နိုင်မလဲဆိုတာ မပြောတတ်သေးဘူး”- ဟု ဆက်၍ပြော၏။
အသွင်ပြောင်းရေးလက်မခံသည့် အပစ်ရပ် SSA တပ်မဟာ ၁ ခေါင်းဆောင် ဗိုလ်ချုပ်ပန်ဖှ နှင့် ရင်းနှီးသည့် ထိုင်း နိုင်ငံရောက် သျှမ်းရပ်မိရပ်ဖတဦးက - ဗိုလ်ချုပ်ဆေထဲန့်အပေါ်ယခုကဲ့သို့ နအဖ လုပ်ဆောင်ခြင်းသည် ဗိုလ်ချုပ် ပန်ဖှအား စိတ်ဓါတ် ပိုင်းဆိုင်ရာ နှိပ်ကွပ်မှုတခုဖြစ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ၁၉၈၄ က ကွယ်လွန်သည့် တပ်မဟာ ၁ မှူးဟောင်း စ၀်ဆေနွံ (ဗိုလ်ချုပ်ဆေထဲန့် ဇနီး၏မောင်/၀ ပြည် မန်းလိုင်း(န်း)စော်ဘွားသားတော်) ၏ ကိုယ်ရေးအရာရှိဖြစ်ကြောင်း၊ ထို့ကြောင့် ဗိုလ်ချုပ်ဆေထဲန့်အား ဘကြီးအရင်းကဲ့သို့ ဗိုလ်ချုပ်ပန်ဖှက ချစ်ကြည်လေးစားကြောင်း - ပြောဆိုသုံးသပ်၏။
Copy from: သျှမ်းသံတော်ဆင့်
0 comments:
Post a Comment