Sunday

ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများလွှတ်မြောက်ရေး ဆုတောင်းပွဲ အခမ်းအနား (ဖူဂျီတောင်)

၂၀၁၀ အောက်တိုဘာလ ၈ ရက်နေ့

တိုကျိုမှ မဟာမိတ်အဖွဲ့အစည်းအသီးသီးမှ မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ နှင့်အတူ တောင်တက်ခရီးစဉ်ကို ၇.၀၈.၂၀၁၀ ရက်နေ့ ညနေ ၅:၃၀ တွင် ဖူဂျီတောင် ငါးထပ်မှ ခရီးစတင်ခဲ့ပါသည်။ မဆလ စစ်အာဏာရှင်တို့အား ဖြုတ်ချနိုင်ခဲ့သော ရှစ်လေးလုံးအရေးတော်ကြီး ၂၂ နှစ်မြောက်အခမ်းအနားကို ဖူဂျီတောင်ထိပ်ပေါ်မှ ၈.၀၈.၂၀၀၈ ရက်နေ့ နံနက်နေထွက်ချိန်တွင် အခမ်းအနားအစီအစဉ်များကို စတင်ကျင်းပခဲ့ပါသည်။ အခမ်းအနားအစီအစဉ်များမှာ
- ရှစ်လေးလုံးအရေးတော်ကြီးတွင် ဦးဆောင်တိုက်ပွဲဝင်ခဲ့သော ကျောင်းသားများ၏ ခွပ်ဒေါင်းအလံကို တောင်ထိပ်ပေါ်ကနေ မိုးသို့ပျံအောင်လွှင့်ထူခဲ့ကြပြီး
- ပြည်ထောင်စုအလံနှင့် တိုက်ပွဲဝင်အလံများအား အလေးပြုခြင်း
- ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအား အလေးပြုခြင်း
- ရှစ်လေးလုံးအရေးတော်ကြီးနှင့် ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲများတွင် ကျဆုံးသွားကြသော ရဲဘော်များအား အလေးပြုခြင်းနှင့် ဘာသာရပ်အလိုက် ဆုတောင်းမေထ္ထာပို့သခြင်း
- ယုံကြည်ချက်ကြောင့် ဖမ်းဆီးထိန်းသိမ်းခံနေရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများလွှတ်မြောက်ရေး ဆုတောင်းခြင်း
-နအဖ စစ်ပါလီမန်များအား အသက်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံကြောင်း
နံနက်အာရုဏ်တက်ချိန်မှာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။


0 comments: