(သျှမ်းသံတော်ဆင့်မှ)
စိုက်ပျိုးရေးမဖြစ်ထွန်း၍ တလအတွင်းသျှမ်းပြည်သားများရာချီ ထိုင်းနယ်စပ်သို့ ရွှေ့ပြောင်းရောက်ရှိ ခဲ့ကြသည်ဟု နယ်စပ်သတင်းရပ်ကွက်ကပြောပါသည်။
“ပြီးခဲ့တဲ့လ နှောင်းပိုင်းကနေ အခုထိ ဖှန်မြို့နယ်ထဲကိုဘဲ သျှမ်းပြည်အရပ်ရပ်က ရောက်လာတဲ့သူတွေ အယောက် ၃၀၀ ကျော်တယ်” - ဟု ထိုင်းနယ်စပ် နေထိုင်သူ ရွာအကြီးအကဲ တဦးကပြောပါသည်။
၂၀၀၉ - ၂၀၁၀ စိုက်ပျိုးရာသီတွင် မိုးမမှန်၊ မြေဆီလွှာမကောင်း၊ စိုက်ပျိုးရာသီနောက်ကျ အသီးအနှံ မဖြစ်ထွန်း သောကြောင့် သျှမ်းပြည်အလယ်ပိုင်း၊ တောင်ပိုင်း တလွှားနေ ကျေးလက်ရွာသူ/သားများ နေရပ်မှ ရွှေ့ပြောင်း ခြင်းဖြစ်သည်ဟု ဆိုသည်။
“အခုဟာက ဘာဆိုဘာမှ စိုက်ပျိုးလို့မရဘူး၊ တော်သလင်းလနှောင်းပိုင်းမှ ကောက်စိုက်ရတယ်။ ယခင်နှစ်တွေ ဆို အကျွတ်လ မှာ ပုံမှန်ကောက်သစ်လှူလို့ရပြီလေ၊ အခု ကောက်စိုက်ခါစ ဘဲရှိသေးတယ် မိုးကကုန်နေပြီ၊ ဒီနှစ် ဘိန်းခြံလဲ မဖြစ်ဘူး၊ ပိဿာချိန်တစ်ရာထက်မက ရဖူးတဲ့သူတွေ ၆ ပိဿာရရင်ကံကောင်း” - ဟု ထိုင်းနယ်စပ်ရွှေ့ပြောင်းရောက်ရှိ သူတဦးက ပြောပါသည်။
သီးနှံမဖြစ်ထွန်းသည့်ကြား နအဖ စစ်တပ်က ချောဆွဲ၊ လုပ်အားပေးခေါ်၊ ပြည်သူ့စစ်အင်အားစုဆောင်း၊သူပုန် နှင့် ဆက်သွယ် မည်စိုး၍ ယာဆင်းခွင့်ပိတ်ပင်၊ သျှမ်းတပ်နှင့်တိုက်ပွဲကြောင့် ကျေးလက်ရွာသားများဖမ်းဆီး၊ ကျပ် သိန်းချီ ပြန်ရွေးခိုင်းသည့်အပြင် သျှမ်းပြည်တပ်မတော်ခွဲထွက် တပ်မဟာ ၇၅၈ ကာလိန်ထွဲ့ အဖွဲ့က တပ်သား သစ်စုဆောင်းသည့် ဒုက္ခများရင်ဆိုင်နေရသောကြောင့် ၀မ်းရေးပြဿနာဖြေရှင်းရန် ထိုင်းနယ်စပ်သို့ထွက်ပြေး ကြခြင်းဖြစ်ကြောင်းထွက်ပြေး လာသူများက ပြောသည်ဟု အဆိုပါပုဂ္ဂိုလ်ကဆိုပါသည်။
“အခုရောက်လာတဲ့သူတွေက အများအားဖြင့် လိမ္မော်ခြံမှာလုပ်ကြတယ်။ အဆက်အသွယ်ရှိတဲ့သူ အနည်း အကျဉ်းတော့ မြို့တက်တယ်။ ဒီမှာက အလုပ်လုပ်ခွင့်ကဒ်ပြားမရှိရင် အမျိုးသမီး လုပ်အားခ တရက်က ဘတ် ၈၀၊ အမျိုးသား ၉၀ ဘဲရတယ်။ အလုပ်သမားကဒ်ရှိရင်တော့ ၁၂၀ လောက်ရနိုင်တယ်။ အလုပ်ရှင်က ဘာမှ တာဝန်မယူဘူး၊ တရက် အလုပ်လုပ်ရင် တရက်စာအတွက် ပိုက်ဆံရမယ်၊ စားဝတ်နေရေး ကိုယ့်ဟာကိုယ် ဖြေရှင်းရတာပေါ့”- ဟု ရပ်ရွာလူကြီး က ပြောပြသည်။
နယ်စပ်သို့ရွှေ့ပြောင်း လာကြသူများမှာ မြောက်ပိုင်း(သျှမ်းပြည်) တန့်ယန်းမြို့နယ် မိုင်းကောဝ်၊ နမ့်လောဝ်း၊ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ မိုင်းနောင်၊ မိုင်းကိုင်၊ လဲချား၊ နမ့်ဇန်၊ မိုးနဲ၊ လင်းခေး၊ မိုင်းပန်မြို့နယ်တို့မှ ကျေးလက်လူထုဖြစ်ကြ သည်ဟု ဆိုသည်။
သျှမ်းပြည်မူးယစ်စောင့်ကြည့်လေ့လာရေးအဖွဲ့က - ဘိန်းခြံလုပ်ငန်းအပါအ၀င် သျှမ်းပြည်သားများအတွက်စိုက်ပျိုးရေး မှန်သမျှဖြစ်ထွန်းမှုမရှိခြင်းသည် ကမ္ဘာ့ရာသီဥတုအပြောင်းအလဲ အယ်နီးညိုး El Nino ကြောင့်ဖြစ် သည်ဟုသုံးသပ် ပြောဆိုပါသည်။
Sunday
စိုက်ပျိုးရေးမဖြစ်ထွန်း သျှမ်းပြည်သားရာနှင့်ချီ ထိုင်းနယ်စပ်ရောက်ရှိ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment