Sunday

၆၃ ကြိမ်မြောက် သျှမ်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနား

ဒီကနေ့ ၇ ရက်နေ့ဖေဖော်ဝါရီလ ၂၀၁၀ သည် သျှမ်းပြည်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ (ဂျပန်)မှ ၆၃ကြိမ်မြောက် သျှမ်းအမျိုးသားနေ့အခမ်းအနားကို ကျင်းပခဲ့ပါသည်။ပြည်ထောင်စုမြန်မာနိုင်ငံအတွက် စစ်မှန်သောဒီမိုကရေစီရရှိဖို့အတွက် ဂျပန်ရောက်ဒီမိုကရေစီတိုင်းရင်းသားများအဖွဲ့အစည်းများ တက်ရောက်ခဲ့ပြီး ရှမ်းပြည်နယ်အတွင်းရှိ နေထိုင်နေကြသော ( ရှမ်း၊ ပအိုဝ့်၊ ပလောင်၊ လီရှော၊ ကိုးကန့်၊ မိုးဝီး၊ ဓနု...) လူမျိုးစုကိုယ်စားလှယ်အသီးသီးများမှ ရှမ်းပြည်နယ်နေ့(သို့) ရှမ်းအမျိုးသားနေ့ ၏ ဖြစ်ပေါ်လာပုံအကြောင်းကို မိန့်ခွန်းများပြောကြားခဲ့ကြပါသည်။ ကြွရောက်လာကြသော ဂျပန်ရောက်ဒီမိုကရေစီတိုင်းရင်းသားများအဖွဲ့အစည်းများလည်း ပင်လုံသမိုင်းအကြောင်းများနှင့်တကွ ရှမ်းအမျိုးသားနေ့သမိုင်းအကြောင်းဖြစ်ပေါ်လာပုံကို မိန့်ခွန်းပြောကြားခဲ့ကြပါသည်။အခမ်းအနားကို မနက်ပိုင်း ၉နာရီမှ စတင်ခဲ့ပြီး နေ့လည်ပိုင်း ၁၂နာရီမှာ အောင်မြင်စွာကျင်းပခဲ့ပါသည်။

Image and video hosting by TinyPic


ပင်လုံညီလာခံ၏ ဆုံးဖြတ်ချက်အရ ဒီနေ့ဖေဖော်ဝါရီလ (၇) ရက်ကို ရှမ်းပြည်နယ်နေ့ (သို့) ရှမ်းအမျိုးသားနေ့ ဟုသတ်မှတ်ပြီး ဖေဖော်ဝါရီလ ( ၁၂) ရက်ကို ပြည်ထောင်စုနေ့ (၀ါ) ပင်လုံစာချုပ်နေ့ အဖြစ်သတ်မှတ်ခဲ့သောကြောင့် ဒီနေ့ရှမ်းပြည်နယ်နေ့ (သို့) ရှမ်းအမျိုးသားနေ့ ဟာလည်း ကမ္ဘာ့သမိုင်းမှာရော မြန်မာ့သမိုင်းမှာပါ ကမ္ဘာကျော်သမိုင်းဝင်နေ့ဖြစ်ပါသင့်ပါသည်။



Image and video hosting by TinyPic

0 comments: