မည်သည့်ပြစ်မှုမှ ကျူးလွန်ခြင်းမရှိသည့် ဒေါ်အောင်ဆန်းစုကြည်အား နအဖစစ်အာဏာပိုင်တို့က မတရား အမှုဆင်ဖမ်းကာ ရာဇဝတ်သားအဖြစ် ပြစ်ဒဏ်ပေးခြင်းကို ဂျပန်ပြည်သူများနှင့် နိုင်ငံတကာပြည်သူများ သိရှိစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ပါသည်။ချီတက်ဆန္ဒပြပွဲကို နေ့လည် (၂း၃၀) ၌် Ebisu ပန်းခြံမှ စတင်ကျင်းပပြီး နေ့လည် ၃နာရီ၌ ချီတက်ဆန္ဒပြခဲ့ကြပါသည်။ ချီတက်ဆန္ဒပြရာ လမ်းတလျှောက်ရှိ ဂျပန်ပြည်သူများနှင့် နိုင်ငံခြားသားများအား ဒေါ်အောင်ဆန်းစုကြည် နှင့် ပတ်သတ်သည့် လက်ကမ်းကြော်ငြာများအား ဝေငှခဲ့ပြီး ညနေ၅နာရီခန့်၌ ချီတက်ဆန္ဒပြပွဲ ဂိတ်ဆုံး Sendagaya ပန်းခြံတွင် ကြွေးကြော်သံများတိုင်ကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
0 comments:
Post a Comment