Sunday

The 62 Anniversuary of Shan National Day

သျှမ်းပြည်တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ (ဂျပန်)မှ ၆၂ ကြိမ်မြောက် သျှမ်းအမျိုးသားနေ့ အထိမ်းအမှတ်ဟောပြောပွဲအခမ်းအနားကို ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ မနက်ပိုင်း ၁၀ နာရီမှ နေ့လည် ၁၂ နာရီအထိ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Minami Otsuka Hall မှာ ကျင်းပပြီးစီးခဲ့ကြောင်းသတင်းရရှိပါတယ်။ ဂျပန်နိုင်ငံရောက် ဒီမိုကရေစီအင်အားစု များနှင့် သျှမ်းပြည်တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ( ဂျပန် ) SSND.jp မှ အဖွဲ့ဝင်များအင်အား ၅၀ ယောက်ခန့်တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားပွဲတွင် သျှမ်းပြည်နိုင်ငံရေးအကျဉ်း နှင့် သျှမ်းအမျိုးသား(ပြည်နယ်)နေ့ ဖြစ်ပေါ်လာပုံအကြောင်း တင်ဆက်ပြသခဲ့ပါသည်။ အခမ်းအနားတွင်အထူးဧည့်သည်တော်များအနေဖြင့် တက်ရောက်ခဲ့သော ကချင်တိုင်းရင်းသားခေါင်းဆောင်၊ ENC ၏ အထွေထွေအတွင်းရေးမှုး ဦးမခေါ်ခွန်ဆာနှင့် ရခိုင်တိုင်းရင်းသားများခေါင်းဆောင် ဦးထွန်းဝင်းတို့မှ နုတ်ခွန်းဆက်အမှာစကားပြောကြားသွားခဲ့ကြောင်း သတင်းရရှိပါသည်။



0 comments: