Sunday

ရှစ်လေးလုံး (၂၀)နှစ်မြောက် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများလွှတ်မြောက်ရေး ဆုတောင်းပွဲ(ဖူဂျီတောင်တက်ခရီးစဉ်)

တိုကျိုမှ မဟာမိတ်အဖွဲ့အစည်းအသီးသီးနှင့် နာဂိုယာမှ မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ အားလုံး တောင်တက်ခရီးစဉ်ကို ၀၂.၀၈.၂၀၀၈ ရက်နေ့ ညနေ ၄:၃၀ တွင် ဖူဂျီတောင် ငါးထပ်မှ ခရီးစတင်ခဲ့ပါသည်။ မဆလ စစ်အာဏာရှင်တို့အား ဖြုတ်ချနိုင်ခဲ့သော ရှစ်လေးလုံးအရေးတော်ကြီး ၂၀ နှစ်မြောက်အခမ်းအနားကို ဖူဂျီတောင်ထိပ်ပေါ်မှ ၀၃.၀၈.၂၀၀၈ ရက်နေ့ နံနက်နေထွက်ချိန်တွင် အခမ်းအနားအစီအစဉ်များကို စတင်ကျင်းပခဲ့ပါသည်။ အခမ်းအနားအစီအစဉ်များမှာ
- ရှစ်လေးလုံးအရေးတော်ကြီးတွင် ဦးဆောင်တိုက်ပွဲဝင်ခဲ့သော ကျောင်းသားများ၏ ခွပ်ဒေါင်းအလံကို တောင်ထိပ်ပေါ်ကနေ မိုးသို့ပျံအောင်လွှင့်ထူခဲ့ကြပြီး
- ပြည်ထောင်စုအလံနှင့် တိုက်ပွဲဝင်အလံများအား အလေးပြုခြင်း
- ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအား အလေးပြုခြင်း
- ရှစ်လေးလုံးအရေးတော်ကြီးနှင့် ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲများတွင် ကျဆုံးသွားကြသော ရဲဘော်များအား အလေးပြုခြင်းနှင့် ဘာသာရပ်အလိုက် ဆုတောင်းမေထ္ထာပို့သခြင်း
- ယုံကြည်ချက်ကြောင့် ဖမ်းဆီးထိန်းသိမ်းခံနေရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများလွှတ်မြောက်ရေး ဆုတောင်းခြင်း
နံနက်အာရုဏ်တက်ချိန်မှာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

Image and video hosting by TinyPic
Image and video hosting by TinyPic

(ဂျပန်လူမျိုးများ၏ ဓလေ့ထုံးတမ်းစဉ်လာအရ ဖူဂျီတောင်ထိပ်ပေါ်ကနေ အာရုဏ်တက်ချိန် အရှေ့ဘက်ထွက်ပေါ်လာတဲ့ နေလုံးကြီးကို ကြည့်ပြီး ဆုတောင်းရင် ဆုတောင်းပြည့်သတဲ့။)

0 comments: