"ရှမ်းပြည်၏ ကံကြမ္မာသည် ဆိုးပြီးရင်းဆိုးလာပြီး တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံချက်ပေးထားသည့် ပင်လုံသဘောတူညီချက်များနှင့် ဝေးသည်ထက်ဝေးလာသည်။
နအဖ ၏ ဖွဲ့စည်းပုံအခြေခံမှုကြမ်းအရ ရှမ်းပြည်တစ်ခုလုံးသည် နိုင်ငံရေးအရ အဆင့်တန်းနိမ့်ကျသွားယုံသာမက နေရာတကာ စစ်တပ်၏ လက်ဝါးကြီးအုပ်ခြင်းကို ခံရမည်ဖြစ်ကြောင်း လွတ်တော်တွင် စစ်တပ်က ၂၅% အပိုင်စီးထားပြီး သမ္မတမှစ၍ အဆင့်မြင့်ရာထူးများအားလုံးယူထားကာ တပ်မတော်သည် တမိုးလုံးဖျောက်ဆိပ်ဖြစ်လာမည် ဖြစ်ကြောင်း နအဖ၏ အခြေခံဥပဒေကို ဝေဖန်ထောက်ပြထားသည်။
ထို့အပြင် ရှမ်းပြည်အတွင်းရှိ ၀၊ ပအိုဝ့်၊ ပလောင်၊ ကိုးကန့်၊ ဓနု စသော လူမျိုးစုများကို အခြေခံဥပဒေတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသများအဖြစ် ခွဲခြားသတ်မှတ်ထားသော်လည်း ယင်းဒေသများတွင် စစ်တပ်ကိုယ်စားလှယ်များပါဝင်လာ ကြဦးမည်ဖြစ်သဖြင့် အထပ်ထပ် စဉ်းစား ဝေဖန်၍ မိမိတို့၏ ကံကြမ္မာသည် ကျန်ရှမ်းပြည်သားများနှင့် အတူ တထပ်တည်းဖြစ်သည်။"
ဝါရင့်ရှမ်းနိုင်ငံရေးသမားကြီး - ဦးရွှေအုန်း
Tuesday
ရှမ်းပြည်၏ ကံကြမ္မာ
Posted by SaiNwe at 11:54 PM
Labels: ရှမ်းပြည်ရေးရာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment