RFA ကိုမိုးဇော် (၁၆.၅.၀၈)
"အခုပြီးသွားတဲ့ဆန္ဒခံယူပွဲဟာ ပြည်သူတွေရဲ့ ဆန္ဒကို ထောက်ခံမဲအဖြစ် မရမကယူသွားတဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ ထောက်ခံအတည်ပြုခြင်း၊ အသိအမှတ်ပြုခြင်းလုံးဝမရှိပါဘူး"
"မဲလိမ်မှုတွေ မသမာမှုတွေရှိတာ နေရာတကာမှာသက်သေ အထောက်အထားတွေတွေ့ ရပါတယ်။ မဲရုံတိုင်းမှာရှိပါတယ်။ ဆန္ဒပြုပြီးသား အမှန်ခြစ်ပြီးသားမဲပြားတွေကို ထည့်ခိုင်းတယ်။ပြီးတော့ထောက်ခံမဲ မထည့်ထည့်အောင် ဖိအားအမျိုးမျိုး ပေးပြီးထည့်ခိုင်းတယ်။ ပြီးတော့လက်ကျန်မဲလာမထည့်သေးတဲ့ မဲတွေကို သူတို့ဘာသာ အမှန်ခြစ်ပြီး တော့ထည့်တယ်။ဒီဥစ္စာတွေ ကျနော်တို့ သက်သေအထောက်အထား အများကြီးရထားတဲ့အတွက်ကြောင့် ပြည်သူတွေရဲ့ ဆန္ဒမပါပဲနဲ့ နအဖက ထောက်ခံမဲမရမက ယူထားတာဖြစ်တယ်လို့ပြောရတာ ဖြစ်ပါတယ်။"
"အခုအခါ ကျိုင်းတုံ၊ တာချီလိတ်၊ ပင်လုံ၊ လဲချား၊ လားရှိုး၊ မှုဆယ်၊ မိုင်းရှုး၊ မိုးကုတ် နဲ့ မိုးမိတ်ဘက်တွေက SLND ပါတီစည်းရုံးရေးအတွက် ဒီလိုမဲမသမာမှု အထောက်အထားတွေ တင်ပြလာတဲ့အချက်တွေ ရရှိထားပါတယ်။"
"ဒီလို ပြည်သူ့ဆန္ဒမပါဘဲ တဘက်သတ်လုပ်ဆောင်တဲ့အပေါ်မှာ ပြည်သူတွေစိတ်ပျက်ရွံရှာနေကြပါပြီ။"
SLND ပြောခွင့်ရပုဂွိုလ် ဦးစိုင်းလိတ်
Thursday
ထောက်ခံမဲတဖက်သတ် အသိအမှတ်မပြုနိုင်
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment