Tuesday

ပန်လုံ(သို့ )ပင်လုံမှသျှမ်းအမျိုးသားနေ့ နှင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာရခြင်းသမိုင်းအကျဉ်း၊၊


Image and video hosting by TinyPic

1941 August တွင် ထွက်ပေါ်လာသောအင်္ဂလိပ်ဝန်ကြီးချုပ် ချူချီလ် (CHURCILL) နှင့် အမေရိကန်သမ္မတ ရုစ၀စ် တို့  အတ္တျလန်တိတ်သမုဒ္ဒယတွင်း နြူးဖေါလန်ကျွှန်းအနီး တွေ့ဆုံးဆွေးနွေးကြေငြာချက်ထုတ်ပြန်ချက်၌
(၁)ကမ္ဘာစစ်ပြီးဆုံးလျှင် ကိုလိုနီနိုင်ငံများကို လွတ်လပ်ရေးပေးရန်၊
(၂)အမျိုးသားရေးတွင် ကိုယ်ပိုင်အခွင့်အရေးအပြည့်အ၀နှင့် အစိုးရရွေးချယ်တင်မြောက်စေရန်၊
(၃) အပြည်ပြည်ဆိုင်ရာတွင် နိုင်ငံကြီး၊ သေးမဟူ တန်းတူရည်တူအခွင့်အရေးရရှိစေရန်၊
ဟူသော အတ္တျလန်တိတ်ကြေငြာချက်စာတန်း (ATLANTIC CHARTER)၊၊


အီရန်နိုင်ငံ တီဟီရန်မြို့ တွင် အင်္ဂလိပ်ဝန်ကြီးချုပ် ချူချီလ်(CHURCILL) ၊ အမေရိကန်သမ္မတ ရုစ၀စ်၊ ဆိုဗီယက်သမ္မတ စတာလင် တို့ တွေ့ ဆုံသဘောတူထုတ်ပြန် ခဲ့သော 1943 December ကြေငြာချက်လည်း (၁) ဂျာမနီ၊ အီတလီ၊ဂျပန် စသော ဖက်စစ်ဝါဒီများကို ပူးပေါင်းတိုက်ခိုက်သွားရန်၊
(၂) ကမ္ဘာစစ်ပြီးဆုံးလျှင် ဒီမိုကရေစီနိုင်ငံ နှင့် ကွန်မြူနစ်နိုင်ငံများပူးပေါငှ်းု ကမ္ဘာ့နိုင်ငံများ.ပြသာနာများကိုဝိုင်းဝန်း ကူညီဖြေရှင်းပေးသွားရန်၊
ဟူသော တီဟီရန်စာချုပ် (TEHERAN AGREEMENT) ။
1945 July 26 ရက်နေ့ တွင် အမေရိကန်သမ္မတ ရုစ၀စ် ၏ အကြံပြုချက်ကြောင့် ဆန်ဖရန်စစ္စကိုမြို့ တွင် ကမ္ဘာ့နိုင်ငံ များအဖွဲ့  UNO ကိုဖွဲ့ စည်တည်ထောင်ပြီး ကမ္ဘာ့ နိုင်ငံများအဖွဲ့ .သဘောထားများကို ထုတ်ပြန်ခဲကြသည်။
ထိုကြေငြာစာတမ်းများကြောင့် သျှမ်းစော်ဘွားများ၊ သျှမ်းပြည်သူ့ ခေါင်းဆောင်များနှင့် သျှမ်းပြည်တွင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတို့ သည် နိုင်ငံရေးစိတ်ဓါတ်များနိုးထလာ၍ လွတ်လပ်သောသျှမ်းပြည်ဖြစ်ပေါ်လာစေရန် ၀ိုင်းဝန်းစည်း ရုံးလာကြပါသည်၊၊၁၉၄၅ ခုနှစ် August လတွင် ဂျပန်တို့ စစ်ရှုံးလက်နက်ချအရှုံးပေးခဲ့၍ ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်တွင်အင်္ဂလိပ် တို့ သည် မြန်မာပြည်နှင့် သျှမ်းပြည်တောင်တန်းဒေသများကို ပြန်လည်ဝင်ရောက်သိမ်းပိုက်ခဲ့ပြန်လေသည်၊၊ စစ်အတွင်း၌အိန္ဒိယနိုင်ငံ စင်းမလားမြို့ သို့ တိမ်းရှောင်နေခဲ့ရသည်။ စစ်ကြီးပြီးဆုံး၍ဗမာပြည်စစ်ပြေးအင်္ဂလိပ်အစိုးရပြန်လည်ရောက်မ လာသေး ချိန်တွင် စစ်အုပ်ချုပ်ရေးစနစ်ဖြင့် အုပ်ချုပ်ခဲ့ရာ ထိုအချိန်ကို ကက်စဗီးခေတ် CSA(B)ဟုခေါ်တွင်ခဲ့သည်၊၊ ကက်သဗီး ၏ အဓိကလုပ်ငန်းမှာ စစ်ဘေး စစ်ဒဏ်ကြောင့် အတိဒုက္ဓရောက်နေသော ပြည်သူလူထုအားမကြာမှီအချိန်တွင် ဘုရင်ခံ (GOVERNOR) ဆာတွမ်စမစ် (Sr.Tomsmit)သည် စင်းမလားမြို့ ကတဲက ရေးဆွဲခဲ့သော အုပ်ချုပ်ရေးမူအသစ်နှင့်အတူ ပြန်လည်ရောက်ရှိလာပြီး အကောင်အထည်ဖေါ်လေတော့သည်။ ၄င်း၌ သျှမ်းပြည်နှင့်သက်ဆိုင် သည်မှာ နယ်စပ်တောင်တန်းဒေသအထူးအုပ်ချုပ်ရေး(FRONTIER AREAS ADMINISTRATION ) ဟူ ၍ဖြစ်သည်။ ဒုတိယကမ္ဘာစစ်မတိုင်မှီတွင် ရခိုင်တောင်တန်းဒေသ၊ ချင်းတောင်တန်းဒေသ၊ နာဂတောင်တန်းဒေသ၊ ကချင်တောင်တန်းဒေသ သျှမ်းပြည်နှင့် သံလွင်မြစ်အောက်ပိုင်းဒေသ စသောရှေ့ တန်းနယ်ခြားဒေသများကို ဘုရင်ခံ (GOVERNOR) ကိုယ်တိုင်တိုက် ရိုက်အုပ်ချုပ်ခဲ့သည်၊၊ တိုးတက်သောနိုင်ငံရေး အခြေအနေပေါ် မူတည်၍ အမျိုးမျိုးပြောင်းလဲအုပ်ချုပ်ခဲ့သည်၊၊ သို့ သော် ဆာ တွမ် စမစ် အသစ်ရေးဆွဲလာသော အုပ်ချုပ်မူမှာ ချင်းခေါင်ဆောင်များ၊ ကချင် ဒူးဝါး၊သျှမ်းစော်ဘွား၊ ကရင်ဆောင်ကဲစောဖြာ အား လုံးကို ဒီမိုကရေစီစနစ်နှင့် ရင်းနှီးမှူရှိလာစေရန် အတိုင်ပင်ခံကောင်စီ အဆင့်ဆင့်ကို ဖွဲ့ စည်းအုပ်ချုပ်သွားရန်ဖြစ်သည်၊၊ ဤအုပ်ချုပ်ရေးမူသည် အဆင့်တဆင့်တိုးတက်လာသယောင်ရှိသော်လည်း သျှမ်းခေါင်းဆောင်များနှင့် ပြည်သူများသည် လုံးဝ လွတ်လပ်ရေးကိုသာ လိုချင်၍ ၄င်းမူကို စိတ်ဝင်စားမှူမရှိချေ၊၊ ထို့ ကြောင့် သျှမ်းပြည်နိုင်ငံရေးကို ဖေါ်ဆောင်နိုင်ရန် ပညာ၊ ဗဟု သုတများနှင့် အမြင်ကျယ်သသော သျှမ်းစော်ဘွားတချို့ က ဦးဆောင်ကာ 1946 March 20-28 တွင် လဲချားအပိုင် ပန်လုံ (ပင်လုံ)မြို့ အစည်းအဝေးတရပ်ကျင်းပခဲ့ရာ ပထမပန်လုံအစည်းအဝေးဟု ခေါ်ဆိကြသည်၊ ထိုအစည်းအဝေးတွင် စော်ဘွား များနှင့် ပြည်သူကိုယ်စားလှယ်တို့ သျှမ်းပြည် ကံကြမ္မာနှင့်ရှေ့ ရေးကို ညှိနှိုင်းဆွေးနွေးကြပြီး နိုင်ငံအခြေအနေကို သုံးသပ်ကာ ၁၉၄၉ တွင် ဒုတိယပန်လုံ၌ အစည်းအဝေးပြန်ခေါ် ရန်ဆုံးဖြတ်ခဲ့ကြသည်။ ပထမပန်လုံတွင် အင်္ဂလိပ်အစိုးရ၊ ဗမာပြည်ခေါင်း ဆောင်များနှင့် အခြားတိုင်းရင်းသားခေါင်းဆောင်များကို လေ့လာနိုင်စေရန် ဖိတကြားခဲ့သည်။ အင်္ဂလိပ်များဘက်တွင် မစ္စတာ စတီဗင်ဆင် တက်ရောက်၍ ဗမာခေါင်းဆောင်များဖြစကြသော ဖဆပလ မှ ဦးနု၊ ဦးဗဂျမ်း၊ မန်းဘခိုင် ၊ မျိုးချစ်ပါတီ မှ ဦးစော တက်ရောက်ခဲ့သည်။ ကချင်တောင်တန်းခေါင်းဆောင်များလည်းတက်ရောက်လာပါသည်၊၊ထိုအစည်းအဝေးတွင် ဖဆပလ ကိုယ် စားလှယ်များက သျှမ်းပြည်နှင့် ဗမာပြည် ပူးပေါင်း၍ လွတ်လပ်ရေးတောင်းဆိုလျှင်စောလျင်စွာလုံးဝလွတ်လပ်ရမည်ဖြစ်ကြောင်း စည်းရုံးပြောကြားသွားသည်။ ဦးစောလည်း ဒိုမီနီယမ် (DOMINION)ပောကြား သွားခဲ့သည်။
ထိုအစည်းအဝေးအပြီးတွင် သျှမ်းပြည်နိုင်ငံရေးထဲ ပိုမို စည်းစည်းလုံးလုံး စည်းရုံးလာခဲ့သည်။။ ထိုစဉ် သျှမ်းပြည်တွင် နိုင်ငံရေး စည်းရုံးသော အင်အားအဖွဲ့ များစွာ တည်ရှိလာသည် ၊ ၄င်းတို့ မှာ-
(၁) စော်ဘွားများအဖွဲ့ ။ ၄င်းအဖွဲ့ သည်လက်ရှိအာဏာပိုင်အုပ်ချုပ်နေပြီး ထိုစော်ဘွားများထဲတွင် နိုင်ငံခြားသို့ အဆင့်မြင့်တန်း ပညာတော်သင်လှာု စော်ဘွားပြန်လာဖြစ်ရသည်မှာ မိုးမိတ်စော်ဘွား စော(၀်)ခွန်ချို တပါးထဲသာရှိသည်။ စည်ပေါ့(သီပေါ) စော်ဘွား စော(၀်)ကြာဆိုင် (ယခု၉၇ နှစ်မတရားအကျဉ်းထောင်ချခံရသူ SLND ဥက္ကဌ ခွန်ထွန်းဦး၏ ဦးလေးတော်စပ်သူ) နှင့်ကျိုင်းတုံစော်ဘွား စော(၀်)စိုင်းလုံ နှစ်ဦးတို့ ကနိုင်ငံခြားတွင်ပညာသင်နေဆဲဖြစ်သည်။ နိုင်ငံရေးတွင် ညောင်ရွှေစော်ဘွား စော(၀်)ရွှေသိုက် (ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ပထမဦးဆုံးသမ္မတ)၊ မိုင်းပွန်စော်ဘွား စော(၀်)စံထွန်း၊ သထုံစော်ဘွား စော(၀်)ခွန်ကြည် ၊ ဤစော်ဘွားများသည် ပဒေသရာဇ်စော်ဘွားများဖြစ်ငြားလည်း ခေတ်ကာလနှင့်အညီ ဒီမိုကရေစီစနစ်ကို ထောက်ခံအားပေးသူများဖြစ်သည်။
(၂) သျှမ်းပြည်လွတ်လပ်ရေးအဖွဲ့ (ရပလ SSPFL) သည် 1946 September 20 ရက်နေ့ တောင်ကြီးမြို့ တွင်တည်ထောင်ခဲ့ သည်။ ၄င်းအဖွဲ့ သည် ယခင် ဂျပန်ခေတ်ကတဲကဖွဲ့ စည်းခဲ့သော အာရှလူငယ်(သျှမ်းပြည်)မှ ရပလ အဖြစ်ပြောင်းလဲခြင်းဖြစ် သည်။ ဤအဖွဲ့ လူငယ်များသည် များသောအားဖြင့် ရန်ကုန်တက္ကသိုလ်၏ ပညာဆည်းပူးခဲ့ရသူများဖြစ်ပြီး ဗိုလ်ချုပ်အောင် ဆန်း၊ ဦးနု နှင့် ဖဆပလ ကို ဆက်သွယ်မှူရှိခဲ့ကြသည်။ ရပလ ၏ မူဝါဒသည် ပဒေသရာဇ်ဆန့် ကျင်ရေး၊ ကိုလိုနီနယ်ချဲ့ များဆန့်  ကျင်ရေး၊ ဗမာပြည်မနှင့် ပူးပေါင်း လွတ်လပ်ရေးရယူပြီး ဆိုရှယ်လစ်စနစ်ကျင့်သုံးရန် တို့ ဖြစ်ပါသည်။
(၃) ရှမ်းပြည်သစ်ပါတီ ၊ ၄င်းအဖွဲ့ သည် ရပလမှ ခွဲထွက်တည်ထောင်သော အဖွဲ့ ဖြစ်သည်၊ (၄) ပြည်သူ့ ရဲဘော်ပါတီ၊ ၄င်းအဖွဲ့ သည် သျှမ်းပြည်ထဲသို့ စည်းရုံးရေးဆင်းလာသော ဗမာပြည် မှ နိုင်ငံရေးပါတီဖြစ်သည်။
(၅) နောက်တဖွဲ့ သည် နိုင်ငံရေးအဖွဲ့ ဟုတပ်ခေါ်မထားသော်လည်း ဂျပန်ခေတ်ကတဲက အမျိုးသားရေးများကိုကူညီပံ့ပိုးခဲ့သော ဒေါက်တာဘဥာဏ်၊ လုံးကြာပု၊ ဒေါက်တာဝီလျံပေါလ်၊ မြို့ စားဆစ် တို့ ခေါင်းဆောင်ပါဝင်သည်။
၎င်းအဖွဲ့ အစည်းများသည် ကိုယ်ယုံကြည်ရာ ဆွဲက်ုင်၍ စည်းရုံးကြသည်။ ဗမာခေါင်းဆောင်များလည်း လွတ်လပ်ရေးရရှိခဲ့လျှင် နယ်စပ်တောင်တန်း အထူးအုပ်ချုပ်ရေးဒေသ(Frontier Areas) ဖြစ်သော သျှမ်းပြည်၊ ရခိုင်တောင်တန်းဒေသ၊ ချင်းဝိဒေသ တိုင်း၊ ကချင်တောင်တန်းဒေသ၊ နာဂတောင်တန်းဒေသနှင့် သံလွင်မြစ်အောက် ပိုင်းဒေသတို့ ကိုပါ ဗမာပြည်တွင်းပါဝင်လာစေရန် ကြိုး စားနေလေသည်။ သျှမ်းပြည် ထဲသို့  ပြည်သူ့ ရဲဘော်ပါတီ ၀င်ရောက်စည်းရုံးနေသည်မက ရပလ အဖွဲ့ ကိုဆက်သွယ်သိမ်း သွင်း နေသကဲ့သို့  ချင်းတောင်တန်းသို့  ဖဆပလ က၀င်ရောက်စည်းရုံးပြီး ဦးဝမ်းတူးမောင် ဦးဆောင်သော ချင်းပြည် ဖဆပလ ကိုဖွဲ့  စည်းခဲ့သည်။ ရခိုင်တောင်တန်းဒေသ၊ ကချင်တောင်တန်းဒေသ၊ သံလွင်မြစ်အောက်ပိုင်းဒေသ၊ ကယားပြည် စသော ဒေသတိုင်းတွင် ဗမာပြည်နိုင်ငံရေးပါတီ၊ အဖွဲ့ အစည်းများ ၀င်ရောက်နေခဲ့သည်။ ပထမပန်လုံညီလာခံပြီးသည့်နောက် 1946 December 23 ရက်နေ့ တွင် ဗမာပြည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့်ဇနီး သျှမ်းပြည်သို့ ရောက်ရှိလာပြီး ဗမာပြည်နှင့်အတူလွတ်လပ်ရေးယူရန် လာရောက်စည်းရုံးဆွေးနွေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း သည် လန်ဒန်သို့ အင်္ဂလိပ်အစိုးရနှင့်သွားရောက်ဆွေးနွေးရန်အစီအစဉ်ရှိသည်။ ထိုအစီအစဉ်တွင် ဗမာပြည်နှင့် သျှမ်းပြည်အတူ ပူးပေါင်းလွတ်လပ်ရေးယူရန် ပါရှိသဖြင့် စော်ဘွားများသဘောတူကြောင်းလက်မှတ်ထိုးစေသည်။ သို့ သော်စော်ဘွားများမလိုက် လျောခဲ့ချေ၊ စော်ဘွားများအားလုံးဆွေးနွေးတိုင်ပင်ပြီးမှသာ လက်ခံနိုင်မည်ဟု သာအဖြေပေးခဲ့သည်။ 1947 Janauary 2 ရက်နေ့ တွင် အင်္ဂလိပ်အစိုးရဖိတ်Mကားချက်အရ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင် သော ကိုယ်စားလှယ်များ လန်ဒန်သို့ သွား ရောက်၍ အင်္ဂလိပ်အစိုးရကို ဆွေးနွေးသည်။ ထိုဆွေးနွေးပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းက နယ်စပ်တောင်တန်းအထူးဒေသအား လုံး ဗမာပြည်နှင့် ပူးပေါင်းပြီးအတူတကွ လွတ်လပ်ရေးပေးရန် တင်ပြလေသည်။ ထို့ ကြောင့် ဗမာပြည် ကိုယ်စားလှယ်များနှင့် အင်္ဂလိပ်အစိုးရတို့ ချုပ်ဆိုသော အောင်ဆန်း-အက်တလီစာချုပ် သဘောတူညီချက် အပိုဒ်(၈) တွင် နယ်စပ်တောင်တန်းအထူး ဒေသတွင်နေထိုင်သော ပြည်သူများ၏သဘော အရ ၄င်းဒေသကို ဗမာပြည်နှင့် အစောတလျှင် ပူးပေါင်းသင့်သည်ဟု အင်္ဂလိပ် အစိုးရနှင့် ဗမာပြည်ကိုယ်စားလှယ်များ သဘောတူညီလက်မှတ်ရေးထိုးခဲ့သည်။ ဗမာပြည်နှင့် နယ်စပ်တောင်တန်းဒေသတို့  မပူးပေါင်းသေးခင် နှစ်ဦးနှစ်ဘက် အကျိုးစီးပွါးဖြစ်စေရန် လုပ်ဆောင်သင့်သည်များကို လုပ်ဆောင်သွားနိုင်ရန် အောက်ပါအ ချက်များများကို သဘောတူခဲ့သည်။
(က)နယ်စပ်တောင်တန်းအထူးဒေသနေထိုင်သူများနှင့်ဗမာပြည်တွင်းနေထိုင်သောသူများလွတ်လပ်စွာဝင် ထွက်သွားလာနိုင်ရန်၊
(ခ)ညီလာခံတွင်ဖြစ်စေ၊ အထူးဆွေးနွေးပွဲ့ဖြစ်စေ၊ ကြားကာလ၌ နယ်စပ်ဒေသခေါင်းဆောင်များ၊ ကိုယ်စားလှယ်များကိုပူးပေါင်း ရေး မူကို ၄င်းတို့ လက်ခံနိုင်မည့် အောက်ပါမူ (၃) မူကိုပြသပေးရန်၊
(၁) နယ်စပ်တောင်တန်းဒေသနှင့် ပတ်သက်၍ ဘုရင်ခံ (GOVERNOR) ကို အကြံပေးလိုလျှင် နယ်စပ်တောင်တန်းဒေသမှ အဖွဲ့ ငယ်တခုကိုဖွဲ့ စညှ်းု ဘုရင်ခံ.ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်ရန် (သို့ မဟုတ်)
(၂) နယ်စပ်တောင်တန်းဒေသနှင့် ပတ်သကှ်ု ဆောင်ရွက်ရာတွင် ဒေသကိုယ်စားလှယ်တဦးအား ဘုရင်ခံအကြံပေးအဖြစ် ရွေးချယ် တင်မြောက်ရန်(သို့ မဟုတ်)၊
(၃) အခြားနည်းလမ်းများဖြင့် ဖြေရှင်းဆောင်ရွက်သွားရန်၊
(ဂ) အကယ်၍ ပန်လုံညီလာခံ (သို့ မဟုတ်) အထူးဆွေးနွေးပွဲပြီးဆုံးလျှင် အင်္ဂလိပ်အစိုးရနှင့် ဗမာပြည်အစိုးရသည် နယ်စပ် တောင်တန်းအထူးဒေသပြည်သူများ တောင်းဆိုသော၎င်းတို့ ၏ဆန္ဒကို သဘောတူညီခဲ့သည့်အတိုင်း အကောင်းဆုံးနည်းလမ်း ရှာဖွေပြီး အတူတကွလုပ်ဆောင်သွားရန်၊
(ဃ) တိုင်းပြုပြည်ပြုလွတ်တော်အခြေခံဥပဒေ အစည်းအဝေးတွင်လည်း နယ်စပ်တောင်တန်းတိုင်းရင်းသားများပါဝင်လာနိုင်ရန် လေ့လာရေးကော်မတီတစ်ခု ချက်ခြင်းဖွဲ့ စည်းပြီး အကောင်းဆုံးအမှန်ဆုံးဖြစ်လာစေရန်။
၎င်းကော်မတီတွင် ဗမာပြည်ကိုယ်စားလှယ်နှင့် နယ်စပ်တောင်တန်းအထူးဒေသ ကိုယ်စားလှယ်များ ညီတူညီမျှပါဝင်ပြီး ဘုရင်ခံ (GOVERNOR) ကောင်စီက တာဝန်ယှူု ဗမာပြည်ကိုယ်စားလှယ်နှင့် နယ်စပ်တောင်တန်းဒေသကိုယ်စားလှယ်တို့  ညှိနှိုင်း ဆွေးနွေးစေရန်၊ ကော်မတီ၏ ဥက္ကဌသည် နိုင်ငံခြားသား သို့ မဟုတ် နှစ်ဖက်စလုံးမှ သဘောတူသောသူ ဖြစ်ရမည်။တိုင်းပြုပြည်ပြု လွတ်တော်မခေါ်နိုင်ခင်တွင် ဤကော်မတီသည် ဗမာပြည်အစိုးရနှင့် အင်္ဂလိပ်အစိုးရထံ အစီရင်ခံစာတင်သွင်း ရမည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အင်္ဂလိပ်အစိုးရတို့  လန်ဒန့် ဆွေးနွေးနေစဉ်တွင် စော်ဘွားများသည်သျှမ်းပြည်မြောက်ပိုင်းမိုင်းရယ်မြို့  တွင် အစည်းအဝေးတရပ်ခေါ်ယူပြီး အောက်ပါအတိုင်း အင်္ဂလိပ်အစိုးရဆီသို့ ကြေးနန်းရိုက်ရန် ဆုံးဖြတ်ကြသည်။ ‘ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗမာကိုယ်စားလှယ်တို့ သည် သျှမ်းပြည်ကိုယ်စားလှယ်များမဟုတ်၊ သျှမ်းပြည်အရေးကို ဆွေးနွေးလို လျှင် စော်ဘွားများကောင်စီ ကိုဖိတ်ကြားလာပါ’ ဟူဧ၊၊်။ တဘက်တွင်လည်း ရပလ သည် တောင်ကြီးမြို့ တွင် ပြည်သူများကို စည်းရုံးပြီး ဗိုလ်ချုပ်အောင်ဆန်းတို့ ကို 15-1-1947 ၌ ထောက်ခံကြောင်းဆန္ဒပြကြသည်။။ စော်ဘွားများကြေးနန်းရိုက်အ ကြောင်းကြားမှူကို အင်္ဂလိပ်အစိုးရက အလေးမထား လျစ်လျူရှု၍ သျှမ်းပြည်နှင့် နယ်စပ်တောင်တန်းဒေသအရေးကို ဗမာပြည် ကိုယ်စားလှယ် တို့ နှင့်အောင်ဆန်းအက်တလီသဘောတူစာချုပ်ထဲသွတ်သွင်းလိုက်သည်။ အောင်ဆန်း-အက်တလီစာချုပ်နှင့်ပတ်သက်၍ ဒုတိယကမ္ဘာစစ်အတွင်းအင်္ဂလိပ်ခေါင်းဟောင်း မစ္စတာဝစ္စတန်ဆဲချီ(WINSTON CERCHILL)က သုံးသပ်ရာ ‘ဤသဘောတူလက်မှတ်ရေးထိုးသည့် အောင်ဆန်း-အက်တလီစာချုပ်သည် သျှမ်းပြည်နှင့် တောင်တန်းဒေသနေပြည်သူတို့ ၏ ဆန္ဒသဘောကိုမခံယူခဲ့။ သျှမ်းပြည်နှင့် ကယားပြည်သည် အင်္ဂလိပ်၏ ကိုလိုနီကျွှန်နိုင်ငံများမဟုတ်၊ အင်္ဂလိပ်တို့ ၏လုံခြုံ မှူကို ခံယူသောတိုင်းပြည်များဖြစ်ကြသည်ကို အင်္ဂလိပ်တို့ ကောင်းစွာသိနားလည်ပါသည်။ ထိုကြောင့် အင်္ဂလိပ်အစိုးရသည် ကတိမတည်မြဲပဲ ယူထားသောတာဝန်ကို ရှောင် ရှားသည်’ ဟုပြောလေသည်။ ထို အောင်ဆန်း-အက်တလီစာချုပ်ကြောင့် သျှမ်းပြည်နှင့် ဗမာပြည်မည်သို့ ပူးပေါင်းမည် ဆိုသော ပြသာနာ၊ မကြာမှီ ပြုလုပ်တော့မည့် အမျိုးသားညီလာခံ၌ သျှမ်းပြည်ပါဝင်ရေး မပါဝင်ရေး၊ဆိုသော ပြသာနာတို့  သည် စော်ဘွားများနှင့် သျှမ်းပြည်သူခေါင်းဆောင်တို့  အရေးတကြီးဖြေရှင်းရပေမည်။
အောင်ဆန်း-အက်တလီ စာချုပ်ပါ အပိုဒ်(၈) နယ်စပ်တောင်တန်းဒေသနှင့် ပတ်သက်၌ တာဝန်ရှိသူများ သျှမ်းပြည်မြောက် ပိုင်းတွင် အစည်းအဝေးလုပ်နေသော စော်ဘွားများထံ သတင်းပို့ ခဲ့သည် ။ ထို့ ကြောင့် ၁၉၄၇ ဒုတိယပန်လုံတွင် ပြန်ဆုံကြရန် ဆုံးဖြတ်ခဲ့ကြသည်၊ ဒုတိယပန်လုံကို 1947 February 3 တွင်စတင်သည်။ ထို ညီလာခံတွင် စော်ဘွားများနှင့် ပြည်သူ့  ကိုယ်စားလှယ်ခေါင်းဆောင်များပိုမို နားလည်မှူရရှိကြ၍ ဒုတိယကမ္ဘာစစ်မဖြစ်မှီ အင်္ဂလိပ်တို့ ဦးဆောင်ဖွဲ့ စည်းခဲ့သော ပြည် ထောင်စုကောင်စီအစား စော်ဘွားတ၀က် ပြည်သူကိုယ်စားလှယ်တ၀က်ပါဝင်သော သျှမ်းပြည်ကောင်စီ (Shan State Council) ကို ပြုပြင် ဖွဲ့ စည်းခဲ့ကြသည်။
ဗမာပြည်၊ သျှမ်းပြည်ကို အုပ်စိုးသော အင်္ဂလိပ်ဘုရင်ခံ (GOVERNOR) က ပဒေသရာဇ်ကောင်စီကို ပြန်လည်ဖွဲ့ စည်းရန် တောငကြီးသို့  ဆင့်ခေါ်ခဲ့ခြင်းကို စော်ဘွားများနှင့် ပြည်သူ့ ခေါင်းဆောင်များ စုပေါင်းဆန့် ကျင်နိုင်ခဲ့ပြီး စော်ဘွားများ၊ပြည်သူ့  ခေါင်းဆောင်တ၀က်စီပါသော သျှမ်းပြည်ကောင်စီကို အသိအမှတ်ပြုရန်သာ တောင်းဆိုခဲ့ကြသည်။ အင်္ဂလိပ်အစိုးရလည်း သျှမ်းပြည်သူတို့ ၏ ဆန္ဒကို လိုက်လျောခဲ့ရပြီး နဂိုရှိခဲ့သော ပဒေသရာဇ်ကောင်စိကို ဖျက်သိမ်းပေးလိုက်ရလေသည်။
ထို့ ကြောင့် စော်ဘွားများ၊ ပြည်သူ့ ကိုယ်စားလှယ်များသည် သျှမ်းပြည်ကို ဗမာပြည်နှင့် တန်းတူပြည်နယ်တခုဖြစ်လာနီူင်စေ ရန် တညီတညွတ်တည်း အားကြိုးမာန်တက် စည်းလုံးခဲ့ကြပါသည်။ ဖေဖေါ်ဝါရီ ၅ ရက်နေ့ တွင် ကချင်တောင်တန်းကိုယ်စားလှယ်များ ပန်လုံသို့ ရောက်ရှိလာပြီး ၆ ရက်နေ့ ဗမာပြည်နှင့် ပူး ပေါင်း၍ လွတ်လပ်ရေးယူရန် ပြဿနာကို အောက်ပါအတိုင်း သဘောတူခဲ့ကြသည်။ ၁၉၄၇-ဖေဖေါ်ဝါရီလ ၆ ရက်နေ့  မွန်းလွဲ ၂ နာရီ၊ ပန်လုံတွင်ဆွေးနွေးသော သျှမ်း၊ ကချင် ကော်မတီများ၏ သဘောတူဆုံးဖြတ်ချက်များ၊ သျှမ်းနှင့် ကချင် သည် ဗမာပြည်နှင့် ပူးပေါင်းတောင်းဆိုလျှင် လွတ်လပ်ရေး အလျင်အမြန်ရရှိလိမ့်မည်ဟု ယုံကြည်ပါသည်။ ထိုသို့  မျှော်ကိုး၍ ပြောင်းလဲနေသောကြားကာလတွင် ဗမာပြည်အစိုးရနှင့် ဖြစ်မြောက်ရေးကော်မတီ့ ပါဝင်နီူင်ရန် တိုင်းရင်း သားကိုယ်စားလှယ်များကို အောက်ပါအတိုင်းစေလွတ်မည်။ (၁) တန်းတူ ရည်တူရှို လူ့ အခွင့်အရေးတွင် အပြည့်အ၀ခံစားနိုင်ခွင့်နှင့် စစ်မှန်သော ဒီမိုကရေစီရရှိစေရန်၊


(၂) ဖြစ်မြောက်ရေးကော်မတီတွင် ပါဝင်မည့် သျှမ်း၊ ကချင် ကိုယ်စားလှယ်များသည် ကိုယ့်အမျိုးဘာသာနှင့် ပြည်တွင်း အရေးကို တာဝန်ယှူု လုပ်ဆောင်သွားမည်၊ ထိုထက်အဓိကကျသော ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ အခွန်ဘဏ္ဍာ၊ မီးရထား စသော အများနှင့်ဆိုင်သော ၀န်တာများကို ပူးပေါင်းတာဝန်ယူသွားမည်၊

(၃) ကချင်တို့ တောင်းဆိုသော သီးခြားပြည်နယ်ရရှိရေးကို ဤကော်မတီမှ ထောက်ခံသည်၊



(၄) ဗမာပြည်ကိုယ်စားလှယ်များနှင့် အင်္ဂလိပ်အစိုးရတို့ သဘောတူညီလက်မှတ်ထိုးထားသည်မှာ သျှမ်းနှင့် ကချင်တို့ နှင့် မပတ်သက်စေရ၊



(၅) လွတ်လပ်ရေးရရှိပြီးသည့်နောက် ပြည်ထောင်စုမှ ခွဲထွက်လိုသောဆန္ဒရှိလာပါက ခွဲထွက်ပိုင်ခွင့်ရှိစေရမည်၊
သျှမ်းကော်မတီများ၊
(၁) ခွန်ပန်းစိန် စော(၀်)ဖလွယ်လုံနမ့်ဆန်။
(၂) စော(၀်)ရျွေသိုက် စော(၀်)ဖယောင်ဟွေ။
(၃) စော(၀်)ဟုမ်ဖ စော(၀်)ဖဈဲန်ဝီ။
(၄) စော(၀်)နွံ စော(၀်)ဖလိုင်းခ။
(၅) စော(၀်)စမ်ထွန်း စော(၀်)ဖမိန်းပျွမ်။
(၆) စော(၀်)ထွန်းအေး စော(၀်)ဖဆာမိန်းခမ်း။
(၇) ခွန်ဖုန်း -----------။
(၈) လုံးတင်အေး -----------။
(၉) လုံးထွန်းမြင့် -----------။
(၁၀) လုံး}ကာပု ------------။
(၁၁) လုံးစော -----------။
(၁၂) စော(၀်)ယိပ်ဖ ------------။
(၁၃) ခွန်ထီး ------------။

ကချင်ကော်မတီများ။။
(၁) ဆင်ဝါးနောင် မြစ်ကြီးနား၊
(၂) ဇော်လိစ် မြစ်ကြီးနား၊
(၃) တိန်လတန် မြစ်ကြီးနား၊
(၄) ဇော်လ ဗန်းမော်၊
(၅) ဇော်လွန်း ဗန်းမော်၊
(၆) လဗန်းကရောင်း ဗန်းမော်၊




DECISION ARRIVED AT BY THE SHAN - KACHIN COMMITTEE AT ITS
MEETING AT PANGLONG ON 6TH FEBRUARY 1947 AT 2:30 P.M

The Committee is of the opinion that the freedom for the Shans-Kachins would be achieved sooner through the cooperation with the Burmese as such the two races would sent in their respective Representatives to take part in the Executive Council of the Burmese Government during the transition period, with the following conditions:
(1) Same status, rights and privileges as enjoyed by the Burmese on democratic lines.
(2) The Shan and Kachin members in Executive council would be responsible for all their respective internal affairs and would jointly be responsible for common subjects e.g. Defence, Foreign affairs, Railways, Customs etc.
(3) This Committee suooorted the demand of the Kachin for their desire to have a distinct separate Kachin State.
(4) The terms of agreement as arrived at between the Burmese delegates and His Majesty”s Government is not to be binding on the Shans and Kachins.
(5) The right to secede after attainment of freedom from Confederation with Burma if and when we choose.
Shan Committee.
(1) Khun Pan Sing …………. Saophaloung of Tawngpeng State.
(2) Sao Shwe Thaike………… Saophaloung of Yawnghwe State.
(3) Sao Hom Pha ……………. Saophaloung of North Hsenwi State.
(4) Sao Num ………………… Saophaloung of Laihka State.
(5) Sao Sam Htun …………… Saophaloung of Mong Pawn State.
(6) Sao Htun E ………………. Saophaloung of Hsamongkham State.
(7) Khun Paung.
(8) Tin E.
(9) Htun Myint.
(10) Kya Bu. (11) Khun Saw. (12) Sao Yape Pha. (13) Khun Htee.

Kachin Committee.
(1) Sinwa Naw ………………… Myitkyina.
(2) Zau Rip ……………………. Myitkyina.
(3) Dinra Tang ………………… Myitkyina.
(4) Zaw La, …………………….. Bhamo.
(5) Zau Lawn, ………………….. Bhamo.
(6) Labang Grong ……………… Bhamo.




ဤဆုံးဖြတ်ချက်ကို ရ ဖေဖေါ်ဝါရီ တွင် ထပ်မံရောက်လာသော ချင်းကိုယ်စားလှယ်များနှင့် ဆွေးနွေးတိုင်ပင်ပြီး ထပ်မံအတည်ပြုခဲ့ပါသည်၊ (၇-ဖေဖေါ်ဝါရီ မနက် ၉း၀၀ နာရီ သျှမ်း၊ ကချင်နှင့် ချင်း ပူးပေါင်းရေးကော်မတီမှ)၊
ချင်းကိုယ်စားလှယ်အဖွဲ့  ပန်လုံသို့  ဖေဖေါ်ဝါရီ ၆ ရက်နေ့ ညနေတွင်ရောက်ခဲ့သည်။ တောင်တန်းဒေသညီလာခံမှနွေးထွေး စွာ ကြိုဆိုခဲ့သည့် ကိုယ်စားလှယ်များမှာ-
(၁) ဦးလွှာမုံး ------------------- ဖါလမ်း၊ ချင်းတောင်တန်း၊
(၂) ဦးထောင်လှခပ် --------------- တီးတိန် ၊ ချင်းတောင်တန်း၊
(၃) ဦးကြူမန်း ----------------- ဟားခါး ၊ ချင်းတောင်တန်း၊

ဖေဖေါ်ဝါရီလ-၆ ရက်နေ့ တွင် သျှမ်းနှင့် ကချင်ကော်မတီများ ဆုံးဖြတ်ချက်များကို ဖတ်ကြားတင်ပြချက်ကို ချင်းကိုယ်စားလှယ် အဖွဲ့ ကထောက်ခံသဘောတူပြီး အောက်ပါအချက်များကို ထပ်မံထည့်သွင်းပေးရန် မေတ္တာရပ်ခံပါသည်။
(၁) ဗဟိုအခွန် ဘဏ္ဍာကဏ္ဍ၌့ သျှမ်းပြည်ခံစားရသကဲ့သို့  လူဦးရေအနည်းအများပေါ်မူတည်၍ ကချင်နှင့် ချင်းလည်းခံစားခွင့်ရရှိရန်၊
(၂) ချင်းတောင်တန်းဒေသတွင် ဘဏ္ဍာငွေများမလုံလောက်ပါက ဗဟိုဘဏ်မှ ထောက်ပံပေးရန်၊
(၃) သျှမ်း၊ ကချင်၊ ချင်း ကိုယ်စားလှယ်များ ပူးပေါင်းပါဝင်သော ‘နယ်စပ်တောင်တန်းဒေသပူးတွဲစီမံခန့် ခွဲရေးကော်မတီ’ တစ်ရပ်ဖွဲ့ စည်းရမည်၊၊ ဗမာပြည်အစိုးရနှင့် နယ်စပ်တောင်တန်းဒေသပြည်သူများအကြားမူဝါဒ(Policy) နှင့်ပတ် သက်၍ ဿပြနာရှိခဲ့လျှင် ၄င်းကော်မတီ ဆုံးဖြတ်ပိုင်ခွင့်အာဏာအပြည့်အ၀ရှိစေရမည်။
သျှမ်းကော်မတီဝင်များ၊
(၁) ခွန်ပန်းစိန် စော(၀်)ဖ လွယ်လုံနမ့်ဆန်။
(၂) စော(၀်)ရျွေသိုက် စော(၀်)ဖ ယောင်ဟွေ။
(၃) စော(၀်)ဟုမ်ဖ စော(၀်)ဖ ဈဲန်ဝီ။
(၄) စော(၀်)နွံ စော(၀်)ဖ လိုင်းခ။
(၅) စော(၀်)ထွန်းအေး စော(၀်)ဖ ဆာမိန်းခမ်း။
(၆) လုံးဖြူ စော(၀်)ဖ ဆထုံ (ကိုယ်စားလှယ်)၊
(၇) ခွန်ဖုန်း -----------။
(၈) လုံးတင်အေး -----------။
(၉) လုံးထွန်းမြင့် -----------။
(၁၀) လုံးကြာပု ------------။
(၁၁) လုံးစော -----------။
(၁၂) စော(၀်)ယိပ်ဖ ------------။
(၁၃) ခွန်ထီး ------------။

ကချင်ကော်မတီဝင်များ။။
(၁) ဆင်ဝါးနောင် မြစ်ကြီးနား၊
(၂) ဇော်ရစ် မြစ်ကြီးနား၊
(၃) တိန်လတန် မြစ်ကြီးနား၊
(၄) ဇော်လ ဗန်းမော်၊
(၅) ဇော်လွန်း ဗန်းမော်၊
(၆) လဗန်းဂရောင်း ဗန်းမော်၊

ချင်း ကော်မတီဝင်များ၊
(၁) ဦးလွှာမုံး ATM,IDSM,B.E.M ဖါလမ်း၊ ချင်းတောင်တန်း၊
(၂) ဦးထောင်ကြာခပ် ATM တီးတိန်၊ ချင်းတောင်တန်း၊
(၃) ဦးကြူမန်း ATM ဟားခါး၊ ချင်းတောင်တန်း၊

DECISION ARRIVED AT BY THE COMBINED CHIN-KACHIN- SHAN COMMITTEE AT ITS MEETING AT PANGLONG ON 7TH FEBRUARY 1947 AT 9 A.M.

The Chin Delegation having arrived on the night of 6th February 1947 was welcomed to the meeting. It consisted of-
(1) U Hlur Hmung . ATM, I.D.S.M, B.E.M, Falam, Chin Hills.
(2) U Thawng Za Khup . ATM, Tiddim, Chin Hills.
(3) U Kio Mang . ATM, Haka, Chin Hills.

1.The terms of the decision arrived at yesterday by the Shan Representatives and the Kachin Delegation at their meeting at 2:30 P.M. was duly read out and explined to the Chin Delegats who approved of the decision s and subscribed to the same with the folling additions which was unanimously approved by all. (a). All rights and privileges as regards Central Revenue enjoyed by Shans shall also be extened
to Chins and Kachins on a population basis.
(b). Any deficiency in local finance to be made good from Burma Revenues.
(c). There shall be formed a Supreme Exeutive Council of the United Hill Peoples composed or
representatives of Shans, Chins and Kachins which shall have full power of decision on all
matters of policy between the Hill Peoples and the Government of Burma.
Shan Committee.

Sd. Hkun Pan Sing. Saophalong of Tawnpeng State.
Sd. Sao Shwe Thaike Saophalong of Yawnhwe State.
Sd. Sao Hom Pha Saophalong of Hsenwi State.
Sd. Sao Num Saophalong of Laihka State.
Sd. Sao Htun E Saophalong of Hsamongkham State.
Sd. Lung Pyu Representative of Hsatung Saophalong.
Sd. Khun Pung.
Sd. Tin E.
Sd. Htun Myint.
Sd. Kya Bu.
Sd. Hkun Saw.
Sd. Sao Yape Pha.
Sd. Hkun Htee.

Kachin Committee.

Sd. Sinwa Naw. Myitkyina.
Sd. Zau Rip. Myitkyina.
Sd. Dinra Tang. Myitkyina.
Sd. Zau La. Bhamo.
Sd. Zau Lawn. Bhamo.
Sd. Labang Grong. Bhamo.

Chin Committee.

Sd. Hlur Hmung. ATM, IDSM, B.E.M. Falam.
Sd. Thawng Za Khup. ATM, Tiddim.
Sd. Kio Mang, ATM, Haka.
ဤသဘောတူညီချက်များနှင့်အညီ နယ်စပ်တောင်တန်းဒေသပြည်သူများ ကံကြမ္မာအတွက် စည်းလုံးညီညွတ်မှူပိုမို ရှိလာစေရန်နှင့် ဗမာလူမျိုးတို့ နှင့်တန်းတူသော အခွင့်အရေးများရရှိစေရန် သျှမ်း၊ ကချင်၊ ချင်း တို့ သည် ‘နယ်စပ်တောင် တန်းဒေသ၏ အမြင့်ဆုံးပူးပေါင်းရေးကောင်စီ(THE SUPREME COUNCIL OF THE UNITED HILL PEOPLES – S.C.O.U.H.P)တစ်ရပ်ကို အတူတကွ ဖွဲ့ စည်းတည်ထောင်ကြလေသည်။
၎င်းကောင်စီအလုပ်အမှူဆောင်များမှာ-



(၁) စော(၀်)ရှေါသိုက် ယောင်ဟွေစော(၀်)ဖလုံ ဥက္ကဌ
(၂) ဆမားဒူဝါ ဆင်ဝါးနောင် ကချင်ခေါင်းဆောင် ဒု-ဥက္ကဌ
(၃) စော(၀်)ဟုမ်ဖ သိနီစော(၀်)ဖလုံ ကောင်စီဝင်
(၄) စော(၀်)စမ်ထွန်း မိန်းပွန်စော(၀်)ဖလုံ ။
(၅) လုံးထွန်းမြင့် သျှမ်း ။
(၆) လုံးကြာပု သျှမ်း ။
(၇) စော(၀်)၀န်းဝါတ့် သျှမ်း ။
(၈) ဒူဝါဇော်ရစ် ကချင် ။
(၉) တိန်လတန် ကချင် ။
(၁၀) ပဒတ်လတောင် ကချင် ။
(၁၁) ဒူဝါဇော်လွန်း ကချင် ။
(၁၂) ဒူဝါဇော်လ ကချင် ။
(၁၃) ဦးပွန်စမင်း ချင်း ။
(၁၄) ဦးထောင်ဂျီထန် ချင်း ။
(၁၅) ဦးကြူမင်း ချင်း ။
(၁၆) ဦးစိန်လန် ချင်း ။
(၁၇) ဦးလွှာမုံး ချင်း ။
(၁၈) ဦးမန်လင်း ချင်း ။

1947 Feburary 6,7 ရက်နေ့ မှ သျှမ်း၊ ကချင၊ ချင်း ကိုယ်စားလှယ်တို့ ၏ သဘောအတူညီချက်များအရ ဗမာပြည် ကိုယ်စားလှယ်များနှင့် တာဝန်ယူဆွေးနွေးမည့် ကိုယ်စားလှယ် (၆)ယောက်ပါဝင်သော ဆပ်ကော်မတီတခုကို ရွေးချယ် တင်မြောက်ကြသည်။ ထိုဆပ်ကော်မတီဝင်များမှာ-
(၁) လုံးကြာပု သျှမ်း။
(၂) စော(၀်)စမ်ထွန်း သျှမ်း။
(၃) ဆမားဒူဝါဆင်ဝါးနောင် ကချင်။
(၄) ဒူဝါဇော်လွန်း ကချင်။
(၅) ဦးလွှာမုံး ချင်း။
(၆) ဦးထောင်ကြာခတ် ချင်း။
တို့ ဖြစ်ကြသည်၊၊




At the meeting of the Chin- Shan- Kachin commite at Panglong on 7th February 1947 at 1 P.M, it was unanimously resolved that a Sub-Committee of the under-listed members be formed and given full powers for the purpose of negotiating with the Burmese Leaders according to the terms of the decision of the 6th and 7th February 1947 arrived at by (a) the Kachin- Shan Committee and (b) the combined Chin-Shan- Kachin Committee:-
(1) Lung Kya Bu.
(2) Sao Sam Htun (Saophalong of Mong Pawn State.
(3) Sinwa Naw
(4) Zau Lawn.
(5) U Hlur Hmung.
(6) U Thawng Za Khup.
Khun Pang Sing.
Combined Chin- Shan- Kachin Comittee.
C/Panglong, Dated Panglong. The 7th February 1947.




ထိုသဘောတူညီချက်များအပြင် စော်ဘွားများနှင့် သျှမ်းပြည်သူ့ ကိုယ်စားလှယ် များသည် ထို 7 Feburary ကို သျှမ်းအမျိုးသားနေ့ အဖြစ်၊ သျှမ်းအလံတော်သီချင်း(ဒေါက်တာ ဘဥာဏ်ကရေးစပ်သည်)နှင့် သျှမ်းအလံတော်ကို ထိုပန်လုံညီလာခံ၌ပင် အသိအမှတ်ပြု သတ်မှတ်လာခဲ့ခြင်းဖြစ်ပေသည်၊၊ Feburary 9 ရက်နေ့ ရောက်သော် ဗိုလ်ချုပ်အောင်ဆန်းသော ဗမာပြည်ကိုယ်စားလှယ်များ၊ အင်္ဂလိပ်အစိုးရကိုယ်စား မစ္စတာ ဗေါ့တွမ်လီ(Bottomley). လေဘာပါ တီ(LABOUR PARTY)(လက်ရှိအစိုးရ) ဗိုလ်မှူးကြီး ရီးလ်ဝီးလ်လျမ်း တို့ ပန်လုံညီလာခံသို့ ရောက် ရှိခဲ့သည်၊၊ SCOUHP ဆပ်ကော်မတ၏ အမြင့်ဆုံးအာဏာကို လက်ခံရရှိထားသော သျှမ်း၊ ကချင်၊ ချင်း ကိုယ်စား လှယ် (၆) ဦးတို့ နှင့်ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ဗမာပြည်ကိုယ်စားလှယ်များ တွေ့ ဆုံဆွေးနွေးသဘော တူညီချက်ကြောင့် (ဤ)ယခု ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို 1947 February 12 ရက်နေ့ ကအစပြုတည်ရှိခဲ့ရခြင်း ဖြစ်ပေသည်။။

ပန်လုံ(ပင်လုံ)စာချုပ် (၁၉၄၇-ခုနှစ်)
မြန်မာပြည်ဘုရင်ခံ၏ အမှူဆောင်ကောင်စီမှ အဖွဲ့ ဝင်တချို့ နှင့် စ၀်ဖများအားလုံးတို့ အပြင် ရှမ်းပြည်နယ်ပြည်သူများ၊ ကချင်တောင်တန်းဒေသများနှင့် ချင်းတောင်တန်းဒေသတို့ မှ ကိုယ်စားလှယ်များတို့ က တက်ရောက်ကြသာ ပင်လုံမြို့  တွင် ကျင်းပသည့် အစည်းအဝေးကြီးတရပ်တွင်-
ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ခြင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင် နှင့် ချင်းတို့ သည် လွတ်လပ်ရေးကို ပိုမို လျင်မြန် စွာရရှိလိမ့်မည် ဟု အစည်းအဝေးတတ်ရောက်သူအဖွဲ့ဝင်တို့သည် ကန့်ကွက်သူမရှိဘဲ အောက်ပါတိုင်း သဘောတူညီ ကြလေသည်၊၊
၁၊ တောင်တန်းသားများစည်းလုံးညီညွတ်ရေးအဖွဲ့ (တ-စ-ည-ဖ) ၏ ကြိုးကိုင်အဖွဲ့ကိုယ်စားလှယ်များကထောက်ခံ ချက်အရ၊ တောင်တန်းသားများ၏ ကိုယ်စားလှယ်တဦးကို ဘုရင်ခံကရွေးချယ်၍ နယ်စပ်ဒေသများကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရန်အတွက် ဘုရင်ခံ၏ အတိုင်ပင်ခံ ပုဂ္ကိုယ် အဖြစ်ခန့်ထားရမည်၊၊
၂၊ ဤအတိုင်ပင်ခံပုဂ္ကိုယ် ကို ဘုရင်ခံ၏ အမူဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိ၊ ကောင်စီဝင် တဦးအဖြစ်ခန့်ထား ၍ ကာကွယ်ရေးနှင့် ပြည်ပကိစ္စရပ်များတွင် ထုံးနည်းဥပဒေအရ အမှုဆောင်ကောင်စီ၏ ဤအာဏာလက်အောက်သို့ ရောက်ရှိသည့်နည်းတူ နယ်စပ်ဒေသကိစဏများကိုလည်း အမှုဆောင်ကောင်စီ၏ အာဏာအောက်သို့ရောက်ရှိစေရမည်။ ဤနည်းလမ်းများအတိုင်း နယ်စပ်ဒေသဆိုင်ရာအတိုင်ပင်ခံပုဂ္ကိုယ် အားအုပ်ချုပ်ခွင့်အာဏာကိုပေးအပ်ရမည်၊၊
၃၊ ဤဆိုပါအတိုင်ပင်ခံပုဂ္ကိုယ် ကို ၄င်းနှင့်လူမျိုးချင်းမတူသော ဒုတိယအတိုင်ပင်ခံပုဂ္ကိုယ် နှစ်ဦးက ကူညီစေရမည်၊ ရှေ့ဦး စွာ ဒုတိယအတိုင်ပင်ခံပုဂ္ကိုယ် နှစ်ဦးတို့သည်

၎င်းတို့အသီးသီးသက်ဆိုင်သည့်နယ်များ၏ ကိစ္စရပ်များကို ဆောင်ရွက်ရန် ဖြစ်၍ အတိုင်ပင်ခပုဂ္ကိုယ် မှာ အခြားနယ်စပ်ဒေသအားလုံးတို့၏ ကိစ္စရပ်များကို ဆောင်ရွက်စေရန်ဖြစ်သည်။ ၄င်းတို့သည် ထုံးစံနည်းဥပဒေ အရ တာဝန်ယူရသည့်မူအတိုင်းရွက်ဆောင်စေရမည်။
၎၊ အတိုင်ပင်ခံပုဂ္ကိုယ် သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် နယ်စပ်ဒေသများ၏ တဦးတည်းသော ကိုယ်စားလှုယ်အဖြစ် ပါဝင်ရမည်ဖြစ်သော်လည်း၊ ဒုတိယအတိုင်ပင်ခံပုဂ္ကိုယ် များသည် နယ်စပ်ဒေသများနှင့် သက်ဆိုင်ရာ ကစ္စရပ်များကို ဆွေးနွေးကြသည့်အခါ အမှုဆောင်ကောင်စီတွင် တတ်ရောက်နိုင်ခွင့်ရှိစေရမည်။
၅၊ ဤထက်တွင်သဘောတူညီသည့်အတိုင်း ဘုရင်ခံ၏ အမှုဆောင်ကောင်စီကိုတိုးချဲ့မည်ဖြစ်သော်လည်း နယ်စပ်ဒေ သများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုခံစားနေရသောကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့်နည်းနှင့်မဆို တစုံတရာ လက်လွတ်စေရန် အဆိုပါကောင်စီကပြုလုပ်ခြင်းမရှိစေရ။ နယ်စပ်ဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ် ပိုင်အုပ်ချုပ်ရေးရာနှုန်းပြည့်ရှိစေရမည်- ဟူသောမူကို သဘောတူညီကြသည်။
၆၊ ပူးပေါင်းထားပြီးသည့်မြန်မာပြည်အတွင်း သီးသန့် ကချင်ပြည်နယ်တခုနယ်နိမိတ်သတ်မှတ်၍ တည်ထောင်ရန် ပြဿနာမှာ တိုင်းပြုပြည်ပြုလွတ်တော်က ဆုံးဖြတ်ရန်ဖြစ်သော်လည်း ဤကဲ့သို့ သီးခြားပြည်နယ်တခုထားသင့်ကြောင်း ကို သဘောတူညီကြသည်။
ဤရည်ရွယ်ချက်အထမြောက်ရန်အလို့ ဌာ ပထမခြေလှမ်းအနေဖြင့် ၁၉၃၅- ခုနှစ် မြန်မာ နိုင်ငံတော်အစိုးရအက်ဥပဒေအရ ၊ နောက်ဆက်တွဲ စာရင်းပါအပိုင်း-၂- ဒေသများကဲ့သို့  မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်တို့  ၏ အုပ်ချုပ်ရေးတွင် နယ်စပ်ဒေသအတိုင်ပင်ခံ ပုဂ္ကိုယ် နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ကိုယ် တို့ ဆွေးနွေးတိုင်ပင်ရမည်။
ရ၊ နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့ သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိအမှတ်ပြုထား သော အခွင့်အရေးများတို့ ကို ခံစားပိုင်ခွင့်ရှိစေရမည်၊



၈၊ ဤစာချုပ်တွင်သဘောတူညီကြသည့်အစီအစဉ်မှာ ပဒေသရာဇ်ရှမ်းပြည်နယ်စုတွင် ယခုအပ်နှင်းထားပြီးသော ဘဏ္ဍာရေး နှင့်ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်ခြင်းမရှိစေရန်၊



၉၊ ဤစာချုပ်တွင်သဘောတူညီကြသည့်အစိအစဉ်မှာ မြန်မာပြည်အခွန်တော်ငွေများမှ ကချင်တောင်တန်းနယ်များနှင့် ချင်း တောင်တန်းနယ်များက ရသင့်ရထိုက်သော ဘဏ္ဍာရေးအကူအညီကို ထိခိုက်ခြင်းမရှိစေရ၊ မြန်မာပြည်နှင့် ရှမ်းပြည်နယ်မြေစု၏ ဘဏ္ဍာရေးအစီအစဉ်များကဲ့သို့  ကချင်တောင်တန်းနှင့် ချင်းတောင်တန်းများတို့ အတွက် အလားတူအစီအစဉ်များကိုထားရှိကျင့် သုံးရန် ဖြစ်နိုင်မည် မဖြစ်နိုင်မည်ကို ဘုရင်ခံ၏အမှုဆောင်ကောင်စီက နယ်စပ်ဒေသများ၏ ဤတိုင်ပင်ခံပုဂ္ကိုယ် နှင့်ဒုတိယအတိုင် ပင်ခံပုဂ္ကိုယ် တို့ နှင့်အတူ စစ်ဆေးကြည့်ရှုရမည်၊၊

ရှမ်းကော်မတီများ၊ ကချင်ကော်မတီများ၊ မြန်မာနိုင်ငံတော်အစိုးရ၊

(ပုံ)ခွန်ပန်းစိန်(တောင်ပိုင်စ၀်ဖလုံ)။ (ပုံ)ဆမားဒူးဝါးဆင်ဝါးနောင်(မြစ်ကြီးနား)။ (ပုံ)အောင်ဆန်း၊ (ပုံ)စ၀်ရွှေသိုက်(ညောင်ရွှေစ၀်ဖလုံ)။ (ပုံ)ဇော်ရစ် (မြစ်ကြီးနား)။ (ပုံ) စ၀်ဟုံဖ (မြောက်သီန္ဒိ စ၀်ဖလုံ)။ (ပုံ) ဒင်ရတန် (မြစ်ကြီးနား)။
(ပုံ) စ၀်နွံ (လဲချားစ၀်ဖလုံ)။ (ပုံ) ဇော်လ (ဗန်းမော်)။
(ပုံ) စ၀်စမ်ထွန်း (မိုင်းပွန်စ၀်ဖလုံ)။ (ပုံ) ဇော်လွန်း (ဗန်းမော်)။
(ပုံ) စ၀်ထွန်းဧ (ဆာမိုင်းခမ်းစ၀်ဖလုံ)။ (ပုံ) လဗန်းကရောင်း (ဗန်းမော်)။
(ပုံ) ဦးဖြူ (သထုံစ၀်ဖလုံ.ကိုယ်စားလှယ်)။
(ပုံ) ခွန်ဖုံး (ကချင်ကိုယ်စားလှယ်မြောက် သီန္ဒ)။
(ပုံ) ဦးတင်ဧ ချင်းကော်မတီများ၊
(ပုံ) ဦးထွန်းမြင့် (ပုံ) ဦးလွှာမုံး (အေတီအမ်-အိုင်တီအက်(စ်)အမ် (ဖါလမ်း)၊
(ပုံ) ဦးကြာပု (ပုံ) ဦးသောင်ဇာခပ် (အေတီအမ်) (တီဒင်)၊
(ပုံ) ဦးခွန်စော (ပုံ) ဦးကွယ်မှန်း (အေတီအမ်) (ဟာကာ)၊
(ပုံ) စ၀်ယိပ်ဖ
(ပုံ) ဦးခွန်ထီး

THE PANGLONG AGREEMENT 1947.
A Conference e having been held at Panglong, attented by cerain Members of the Exeuyive Council of the Governor of Burma, all Saophas and representatives of the Shan State, the Kachin Hills and the Chin Hills.
The Members of the Counference, beliving that freedom will be more speedily achieved by the Shans , the Kachins and the Chins by their immediate co-operation with the Interim Burmese Government . The Members of the Conference have accordingly, and without dissentients, agreed as follow:- 1. Arepresentative of Hill Peoples, selected by the Governor on the recommendation of representatives of the Supreme Council of the United Hill Peoples (SCOUHP), shall be appointed a Counsellor to the Governor to deal with the Frontier Areas.
2. The said Counsellor shall also be appointed a Member of the Governor’s Executive Council, without portfolio and the subject for Frontier Areas brought within the purview of the Executive Council by Counstitutional Convention as in the case of defence and External Affairs, The Counsellor for Frontier Areas shall be given executive authority by similar means.
3. The said Counsellor shall be assisted by two Deputy Counsellors representing races of which he is not a member. While the two Deputy Counsellors should deal in the first instance with the affairs of their respective areas and the Counsellor with all the remaining parts of the Frontier Areas, they should on Constitutional Convention act on the principle of joint responsibility. .
4. While the Counsellor, in his capacity as Member of the Executive Council, will be the only representative of the Frontier Areas on the council, the Deputy Counsellor shall be entitled to attend meeting of the Council when subjects pertaining to the Frontier Areas are discussed..
5. Though the Governor,s Executives Council will be augmented as agreed above , it will not operate in respect of the Frontier Areas in any manner which would deprive any portion of those Areas of the autonomy which it now enjoys in internal administration. Full autonomy in internal administration for the Frontier Areas is accepted in principle.
6. Though the question of demarcating and establishing a separate Kachin State within a Unified Burma is one which must be relegated for decision by the Constituent Assembly, it is agreed that such a state is desirable. As a first step towards this end, the Counsello for the Frontier Areas and the Deputy Counsellor shall be consulted in the administration of such areas in the Myitkyina and the Bhamo Districts as Part 2 Scheduled Areas under the Government of Burma Act of 1935.
7. Citizens of Frontier Areas shall enjoy rights and privileges which are regarded as fundamental in democratic countries.
8. The arrangements accepted in this Agreement are without prejudice to the financial autonomy now vested in the Federated Shan States.

9. The arrangements accepted in this Agreement are without prejudice to the financial assistance which the Kachin Hills and Chin Hills are entitled to receive from the revenues of Burma, and the Executive Council will examine with the Frontier Areas Counsellor and Deputy Counsellors the feasibility of adopting for the Kachin Hills and the Chin Hills financial agreements similar to those between Burma and the Fedrated Shan States.

Shan Committee.
Sd. Sao Pan Sing.(Saohpalong of Tawngpeng State). . Sd. Sao Shwe Thatk. (Saohpalong of Yawnghwe State). . . Sd. Sao Hom Hpa.(Saohpalong of North Hsenwi State). . Sd. Sao Num.(Saohpalong of Laihka State). . Sd. Sao Sam Htun.(Saohpalong of Mongpawn). . Sd. Sao Htun E.(Saohpalong of Hsamongkham). . Sd. Maung Pyu.(Representative of Hsahtung Saohpalong). . Sd. Hkun Pung. . Sd. Tun E. . Sd. Htun Myint. . Sd. Kya Bu. . Sd. Sao Yape Hpa. . Sd. Hkun Saw. . Sd. Hkun Htee.
Kacin Committee.
Sd. Sinwa Naw.(Myitkyina). . Sd. Zau Rip.(Myitkyina). . Sd. Dinra Tang.(Myitkyina). . Sd. Zau La.(Bhamo). . Sd. Zau Lawn.(Bhamo). . Sd. Labang Grong.(Bhamo).
Chin Committee.
Sd. U Hlur Hmung.(ATM, IDSM, B.E.M-Falam). . Sd. U Thawng Za Khup.(ATM, -Tiddim). . Sd. U Kio Mang.(ATM,-Haka).
Burmese Committee.
Sd. Aung San.12/2/47....

0 comments: